တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော်  မေ   ၁၆
တိုင်းဒေသကြီးနှင့်        ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊       ဘာသာရေး    ခေါင်းဆောင်များ    အပါအဝင်  လူမျိုးမရွေး ဘာသာ မရွေး   အသက်  ၄၀  အထက်   ဒေသခံပြည်သူများ၊   အကျဉ်းသား၊ အကျဉ်းသူများ၊   မသန်စွမ်းသူများ၊  တိုင်းရင်း သား     လက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါ    အခံရှိသူ များ၊ ကယ်ဆယ်ရေးစခန်းများ၊  ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ  ပြည်သူများ၊   အသက် ၁၂ နှစ်အထက်     အခြေခံပညာ အလယ်တန်းနှင့်       အထက်တန်း အဆင့်  ကျောင်းသား      ကျောင်းသူ များ စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍  တပ်မတော်မှ ဆေး အဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊      သူနာပြုများ၊ ကျန်းမာရေး    ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက  ကာကွယ် ဆေးထိုးခြင်း     လုပ်ငန်းများကို        ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ   မြို့နယ်ခုနစ် မြို့နယ်၌    သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၁၄၃ ဦး၊  ရန်ကုန် တိုင်းဒေသကြီး   ရန်ကင်းမြို့နယ် နှင့်    တာမွေမြို့နယ်၌   ဒေသခံ ပြည်သူ ၈၁၆ ဦး၊   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌        ဒေသခံပြည်သူ ၇၄၆၇ ဦး၊  ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၃  မြို့နယ်၌   ဒေသခံ ပြည်သူ  ၈၇၂၃ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ   ခရိုင်ခုနစ်ခု တို့မှ  ဒေသခံပြည်သူ  ၅၂၅၀၀ ၊ ပဲခူးတိုင်းဒေသကြီး   တောင်ငူမြို့ ထန်းတပင်မြို့နှင့်    ပဲခူးမြို့နယ်၌ သံဃာတော်များနှင့်      ဒေသခံ ပြည်သူ ၃၈၀   တို့ကို  တပ်မတော် ဆေးအဖွဲ့များက     ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊  သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍  ကိုဗစ်-၁၉  ရောဂါ  ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို   သက်ဆိုင်ရာ  တိုင်းဒေသ ကြီးနှင့်   ပြည်နယ်များမှ  တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်း       ဆောင်ရွက်ပေးကြ ကြောင်း သိရသည်။      သတင်းစဉ်