
နေပြည်တော် မေ ၁၆
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင် ပြည်နယ် ရွှေကူ မြို့နယ်ရှိ မြဝတီ ကျောင်းတိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်ရှိ တိုက်ဝါကြီး ကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ခရိမ်းကြီး ကျောင်းတိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မြို့မကျောင်းတိုက်သို့ လည်း ကောင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ဟိုခုံပရိယတ္တိ စာသင်တိုက်နှင့် ကွတ်ခိုင်မြို့နယ်ရှိ တောင်တန်းဒေသထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု ကျောင်းတိုက်တို့သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်း ကြကြောင်း သိရသည်။ သတင်းစဉ်