အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊  ဝါဒဖြန့်ခြင်းများကို လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများကို ပြုလုပ်ခဲ့သူများ ဖော်ထုတ်အရေးယူ


 

နေပြည်တော်   မေ   ၁၆
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့်  ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို   ပျက်ပြားစေရန်နှင့်  ပြည်သူလူထုကို  အကြောက်တရားများ  ဖြစ်ပေါ်စေပြီး   အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏  လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့ ၍ဖြစ်စေ   လိုက်ပါလုပ်ဆောင်ခြင်း၊   အသံဖြင့်ဖြစ်စေ၊  ပြုလုပ်မှုဖြင့်ဖြစ်စေ၊   တစ်နည်းနည်းဖြင့်ဖြစ်စေ  အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊  လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့် မျှဝေခြင်း၊   အားပေးကူညီခြင်းများ  ပြုလုပ်ခဲ့လျှင်  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၂ (က)၊   ရာဇသတ်ကြီးပုဒ်မ  ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊  မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို  အကြမ်းဖက်မှု  တိုက်ဖျက်ရေးဥပဒေအရ  သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ  ၂၅ ရက်တွင်  နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့်  အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး  ဖြစ်သည်။
ထိုကဲ့သို့   အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း  ရန်ကုန်တိုင်းဒေသကြီး   ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်နေ ဇော်ဝင်းအောင်(ခ)  အကြိုင်းသည်  ၎င်းအသုံးပြုသည့် “Zaw Win Aung” Facebook  အကောင့်၊   ပဲခူးတိုင်းဒေသကြီး  ပြည်မြို့နယ်   ရွှေတံခါးရပ်ကွက်နေ  မြင့်နွယ်ဝင်းသည် ၎င်းအသုံးပြုသည့် “Myint New Win” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နေ သက်ပိုင်ဟိန်းနှင့် ကိုထက်တို့သည် ၎င်းတို့အသုံးပြုသည့် “Thet Paing Hein” Facebook အကောင့်၊ “Ko Htet” Facebook အကောင့်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အေးသာယာမြို့ အမှတ် (၆)ရပ်ကွက်နေ သောင်းမြင့်ဦးသည်  ၎င်းအသုံးပြုသည့်  “Thaung Myint Oo” Facebook အကောင့်နှင့် ပဲခူးတိုင်းဒေသ ကြီး ပြည်မြို့နယ် ရွှေတံခါးရပ်ကွက် အပိုင်း(၂)နေ အေးအေးခိုင်(ခ)မခိုင်သည် ၎င်းအသုံးပြုသည့် “Ma Khaing” Facebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက်အပေါ်  မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင် ခဲ့သည့်အတွက်  တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း  အမှုဖွင့်လှစ်အရေးယူခြင်းများ  ဆောင်ရွက် ခဲ့ရသည်။
ထိုကဲ့သို့  CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊  ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်   အစိုးရ ယန္တရားများ  ပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေး ကူညီခြင်း   ပြုလုပ်ခဲ့သူများအား  ဥပဒေနှင့်အညီ   ထိရောက်စွာ  အရေးယူသွားမည်ဖြစ်ကြောင်းနှင့်  ထိုသို့လှုံ့ဆော်သူ၊    ဝါဒဖြန့်သူများအား   ဆက်လက်ဖော်ထုတ်   အရေးယူသွားမည်ဖြစ်ကြောင်း   သိရ သည်။               
သတင်းစဉ်