
နေပြည်တော် မေ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်း သားလူငယ်များ စက်မှုလက်မှု ပညာသင်တန်း ကျောင်း လေးကျောင်း၌ ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်း ပြင်သင်တန်းဖွင့်ပွဲများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ကျင်းပဆောင်ရွက် ခဲ့ရာ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လည်းကောင်း၊ အောင်ပန်းမြို့သင်တန်းကျောင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လည်းကောင်း၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လည်း ကောင်း(ယာပုံ)၊ ပုဏ္ဏားကျွန်းမြို့သင်တန်းကျောင်းတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်က လည်းကောင်း အသီးသီး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
ယခုဖွင့်လှစ်သည့် သင်တန်းကျောင်းများတွင် ဆောက်လုပ်ရေးသင်တန်းသား ၃၅ ဦး၊ လျှပ်စစ် သင်တန်းသား ၄၇ ဦး၊ ဂဟေသင်တန်းသား ၄၇ ဦး၊ မော်တော်ယာဉ်စက်ပြင်သင်တန်းသား ၆၅ ဦးနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းသား ၁၆ ဦး စုစုပေါင်း ၂၁၀ ဖြင့် ၁၆-၅-၂၀၂၂ ရက်မှ ၁၄-၁၀-၂၀၂၂ရက် အထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပြီး သင်တန်းသားများ နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများကို အခမဲ့ထောက်ပံ့ သင်ကြားပေးသွားမည် ဖြစ်သည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေး နှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေး လျက်ရှိရာ သင်တန်းသား စုစုပေါင်း ၅၆၈၄ ဦးအား သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ပြီး ကျောင်း ဆင်း သင်တန်းသား ၃၆၁၁ ဦးအား အလုပ်အကိုင် အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်