နယ်စပ်ဂိတ်များပြန်လည်ဖွင့်လိုက်ပြီးနောက် လာအိုနိုင်ငံအတွင်းသို့ လူ ၂၀၀၀ ကျော် ဝင်ရောက်လာ

 

 

ဗီယန်ကျင်း    မေ    ၁၆ 
လာအိုအစိုးရအနေဖြင့် မေ ၉ ရက်က နိုင်ငံ နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လိုက်ပြီးနောက် လာအိုနိုင်ငံသားများနှင့် နိုင်ငံခြားသား ၂၀၀၀ ကျော်သည်    လာအိုနယ်စပ်နှင့်    မြို့တော် ဗီယန်ကျင်းရှိ လေဆိပ်မှတစ်ဆင့် နိုင်ငံအတွင်း သို့ ဝင်ရောက်လာကြောင်း သိရသည်။
လာအိုနိုင်ငံသည် ခရီးသွားလာမှုကန့်သတ် ချက်များ ဖြေလျှော့ပေးမှုနှင့်အတူ နိုင်ငံခြား ခရီးသွားများကို နိုင်ငံအတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်ခွင့်ပြုလိုက်ကြောင်း        သိရသည်။ ပထမဆုံး လာအို-ထိုင်း ချစ်ကြည်ရေးတံတား နိုင်ငံတကာစစ်ဆေးရေးဂိတ်  အကြီးအကဲ ဖြစ်သူ  သီပါဗွန်းက နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်လိုက်ကတည်းက လူ ၁၆၀၀  ကျော် သည် လာအိုနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး လူ ၂၁၀၀   ကျော်သည်   ထိုင်းနိုင်ငံအတွင်းသို့ အဆိုပါ    ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်ကြကြောင်း ပြောကြားသည်။
ဝပ်တေး   အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန်နေဂျာတစ်ဦးက ဗီယန်ကျင်းရှိ လေဆိပ်မှ တစ်ဆင့်   လာအိုနိုင်ငံသို့   လူ  ၆၉၀ ကျော် ဝင်ရောက်ပြီး   လူ ၈၆၀ မှာ   လာအိုနိုင်ငံမှ ထွက်ခွာသွားကြောင်း ပြောကြားသည်။ ကိုဗစ်- ၁၉ ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် အစိုးရကထုတ်ပြန်ထားသော လမ်းညွှန်ချက် များကို ပြည်သူများ  ဆက်လက်လိုက်နာကြရန် လိုအပ်ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အမျိုးသားလုပ်ငန်းကော်မတီ  ဥက္ကဋ္ဌနှင့်      ဒုတိယဝန်ကြီးချုပ်     ချီကျိုက  အလေးပေးပြောကြားသည်။          
ဆင်ဟွာ