ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အကြိုဗိုလ်လုပွဲသို့တက်ရောက်သွားသည့်  မြန်မာအမျိုးသမီးဘောလုံးအသင်းအား နိုင်ငံတော်မှထပ်မံပေးအပ်သည့် ဂုဏ်ပြုဆုငွေချီးမြှင့်


 

ဗီယက်နမ်    မေ     ၁၆
အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့တွင် ဗီယက်နမ်နိုင်ငံ Ha Long City  ၌  ကျင်းပလျက်ရှိသည့်  (၃၁)  ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲဝင် မြန်မာအားကစားသမားများကို သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။
တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီးက မြန်မာတို့၏ မဆုတ် မနစ်သော   ဇွဲ၊   လုံ့လ    ကြိုးစား အားထုတ်မှုကို ပြသယှဉ်ပြိုင်သွား ကြရန်၊ အားကစားဖြင့် နိုင်ငံတော် ၏   ဂုဏ်ကို    မြှင့်တင်ကြရန်နှင့် အောင်မြင်မှု       ရရှိသည်နှင့်အမျှ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး က    စောင့်မျှော်အားပေးဂုဏ်ပြု ကြမည်ဖြစ်ကြောင်း ပြောကြားပြီး  အကြိုဗိုလ်လုပွဲသို့   တက်ရောက် သွားသည့်     မြန်မာအမျိုးသမီး  ဘောလုံးအသင်းကို နိုင်ငံတော်မှ ချီးမြှင့်ငွေ      အမေရိကန်ဒေါ်လာ တစ်သိန်းပေးအပ်သည်။ 
မြန်မာ  အမျိုးသမီးဘောလုံး အသင်းသည် အကြိုဗိုလ်လုပွဲအဖြစ် မေ   (၁၈)  ရက်တွင်    ဗီယက်နမ် အမျိုးသမီး    ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဟနွိုင်းမြို့ရှိ Tay Ho  အားကစားရုံ၌    ကျင်းပလျက်ရှိ သည့်     တိုက်ကွမ်ဒိုအားကစား ပြိုင်ပွဲမှ မြန်မာအားကစားသမား များ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
ယနေ့ပြိုင်ပွဲများအဖြစ်      Ha  Dong အားကစားရုံ၌ ဘိလိယက်/ စနူကာ အားကစားပြိုင်ပွဲများကိုလည်းကောင်း၊ Hanoi National Sport    Training   Center   ၌ မြားပစ်နှင့် သေနတ်ပစ်အားကစား ပြိုင်ပွဲများကို            လည်းကောင်း၊ Hanoi Sport Training Center ၌     ပီတန်းအားကစားပြိုင်ပွဲကို လည်းကောင်း၊   Hoang     Mai အားကစားရုံ၌    ပိုက်ကျော်ခြင်း ပြိုင်ပွဲများကိုလည်းကောင်း၊  Bac Ninh အားကစားရုံ၌ လက်ဝှေ့ အားကစားပြိုင်ပွဲများကို     လည်း ကောင်း ကျင်းပလျက်ရှိပြီး မြန်မာ အားကစားသမားများ   ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ   ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင် ဦးပေါက်စ က ဗိုလ်လုပွဲနှင့် အမျိုးသား/အမျိုး သမီး   သုံးယောက်တွဲ   ပီတန်း ပြိုင်ပွဲတွင်    မြန်မာအသင်းက အကြိုဗိုလ်လုပွဲသို့ တက်ရောက် သွားသည်။
(၃၁)   ကြိမ်မြောက်     အရှေ့ တောင်အာရှ     အားကစားပြိုင်ပွဲ တွင်   မြန်မာနိုင်ငံမှ   ယနေ့အထိ ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် ငါးခု နှင့်   ကြေးတံဆိပ်   ကိုးခုတို့ကို ဆွတ်ခူးရရှိထားပြီး    စုစုပေါင်း ဆုတံဆိပ် ၁၈ ခုဖြင့် နိုင်ငံအလိုက် အဆင့်  (၇)  တွင် ရပ်တည်လျက် ရှိကြောင်း သိရသည်။                       
သတင်းစဉ်