
ဒေးဒရဲ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပြည်သူများ စုပေါင်း၍ ဒေးဒရဲမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းပွဲကို မေ ၁၄ ရက်က မြို့နယ်သာသနာ့ဗိမာန်တော်ကြီး ၌ ကျင်းပရာ ဆရာတော်ကြီးများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က သာသနာရေးဆိုင်ရာများ လျှောက် ထားပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ ဆွမ်းဆန်တော် လှူဒါန်းပွဲတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၇၄ ကျောင်းမှ ရဟန်း ၁၀၅၅ ပါး၊ သာမဏေ ၄၈၁ ပါး နှင့် သီလရှင် ၄၆ ပါးအတွက် ငွေကျပ် ၁၅၈၂၀၀၀၀ တန်ဖိုးရှိ ဆွမ်းဆန် တော် ၂၆၃ အိတ်၊ ဆီ ၇၉၁ ပိဿာ၊ ဆား ၇၉၁ ပိဿာနှင့်ပဲ ၇၉၁ ပိဿာ တို့ကို လောင်းလှူခဲ့ကြောင်း သိရ သည်။
အေဇာလင်း