
အူလန်ဘူတာ မေ ၁၄
ကျန်းမာပြီး သက်သောင့်သက်သာရှိသော လုပ်ငန်းခွင် နှင့် လူနေမှုပတ်ဝန်းကျင်ကို ဖန်တီးရန် မွန်ဂိုလီးယား နိုင်ငံသားများနှင့် အဖွဲ့အစည်းများကို သစ်ပင်များ ပိုမိုစိုက်ပျိုးရန် တောင်းဆိုလိုက်ကြောင်း မွန်ဂိုလီးယား သမ္မတ ယူဂန်နာ ခရိုဆေးက မေ ၁၃ ရက်တွင် တောင်းဆိုလိုက်သည်။
အိမ်ထောင်စုတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် စီးပွား ရေးလုပ်ငန်း လုပ်ကိုင်သူတိုင်းသည် ၎င်းတို့၏ ခြံဝင်းများအတွင်း သစ်ပင်များ ပိုမိုစိုက်ပျိုးသင့်ကြောင်း မွန်ဂိုလီးယားနိုင်ငံ၏ နှစ်စဉ် မေလနှင့် အောက်တိုဘာ လတို့၏ ဒုတိယမြောက် စနေနေ့တွင် ကျင်းပသည့် အမျိုးသားသစ်ပင်စိုက်ပျိုးရေးနေ့ အခါသမယတွင် အမျိုးသားဥယျာဉ်အတွင်း သစ်ပင်များ စိုက်ပျိုးပြီး နောက် မွန်ဂိုလီးယားသမ္မတ ခရိုဆေးက ပြောကြား ခဲ့သည်။
အနာဂတ်တွင် မွန်ဂိုလီးယားနိုင်ငံ၏ ရည်ရွယ် ချက်မှာ သစ်ပင်များသာမက အသီးအနှံများ၊ ဘယ်ရီသီးများ၊ ဆေးဖက်ဝင်အပင်များနှင့် စားသုံးရ သည့်အပင်များကို ပြည်တွင်းလိုအပ်ချက်များနှင့် ပြည်ပသို့တင်ပို့ရန် ရည်ရွယ်ကြောင်း မွန်ဂိုလီးယား သမ္မတ ခရိုဆေးက ဆက်လက်ပြောကြားသည်။
သစ်ပင်စိုက်ပျိုးသည့် လှုပ်ရှားမှုမှာ သဲကန္တာရ ဖြစ်ခြင်းကို တိုက်ဖျက်ရန် ၂၀၃၀ ပြည့်နှစ်တွင် အနည်းဆုံးသစ်ပင် တစ်သန်းစိုက်ပျိုးရန် ရည်ရွယ် ထားကြောင်း မွန်ဂိုလီးယားသမ္မတ ခရိုဆေးက ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့ သလို မွန်ဂိုလီးယားနိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုး သည့် လှုပ်ရှားမှုကို ပြီးခဲ့သည့်နှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။
မွန်ဂိုလီးယားနိုင်ငံ၏ နယ်မြေ ၇၇ ရာခိုင်နှုန်း နီးပါးမှာ သဲကန္တာရဖြစ်ကြောင်း နိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ