အုတ်တွင်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့၌ စာအောင်သံဃာတော်များအား စူဠဘွဲ့ဆက်ကပ်ခြင်းနှင့် ယဉ်ကျေးမှုစာမေးပွဲ အောင်မြင်သော ကျောင်းသား ကျောင်းသူများအား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်

 

နေပြည်တော်   မေ    ၁၃


ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော် များအား စူဠဘွဲ့ဆက်ကပ်ခြင်းကို  ယနေ့နံနက်ပိုင်း တွင်  ဗောဓိကုန်းကျောင်းတိုက်ရှိ ဝိဇ္ဇာသမိဒ္ဓိမဟာ ရွှေကံသာကျောင်းတော်၌   ကျင်းပရာ   အုတ်တွင်း မြို့နယ်       သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိသာသရအမှူးပြုသော သံဃာတော်များနှင့် စာအောင်သံဃာတော်များ   ကြွရောက်တော်မူပြီး အုတ်တွင်းတပ်နယ်မှ   တာဝန်ရှိသူများ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်         စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

 


ဦးစွာ     တပ်နယ်မှ    တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။ 

 


ထို့နောက် တက်ရောက်လာကြသူများက သံဃာ တော်များနှင့်      စာအောင်သံဃာတော်များအား သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ အောင်လက်မှတ် များနှင့်   ဆုဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချ   အမျှ ပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။

 


အလားတူ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက်   ကုန်းကျောင်းပရိယတ္တိစာသင် တိုက်၌ (၂၃) ကြိမ်မြောက် စူဠဘွဲ့ဆက်ကပ်ခြင်း၊ ပါဠိပထမပြန်     စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့်    ယဉ်ကျေးမှု စာမေးပွဲအောင်မြင်သော ကျောင်းသား ကျောင်းသူ များအား   အောင်လက်မှတ်နှင့်   ဆုချီးမြှင့်ခြင်းကို ပြုလုပ်ရာ    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ       တက်ရောက်ပြီး စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းကာ ယဉ်ကျေးမှုစာမေးပွဲအောင်မြင်သော ကျောင်းသား ကျောင်းသူများအား စာအောင်လက်မှတ်နှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်