တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

 

နေပြည်တော်  မေ   ၁၃


နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော် ဆေးရုံ    (ခုတင်-၁၀၀၀)၊   ရှမ်း ပြည်နယ်   မြောက်ပိုင်း   လားရှိုး မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး       (ခုတင်-၅၀၀)၊ ဧရာဝတီတိုင်းဒေသကြီး   ပုသိမ် မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး    တောင်ငူမြို့ ရှိ       တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှု    ခံယူလျက် ရှိသော   အရာရှိ၊   စစ်သည်၊ မိသားစုများ၊   စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင် များနှင့်    ဒေသခံတိုင်းရင်းသား ပြည်သူများကို     ယနေ့တွင် သက်ဆိုင်ရာ     တိုင်းစစ်ဌာနချုပ် အသီးသီးမှ   တိုင်းမှူးများနှင့် အဖွဲ့ဝင်များက    သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊     ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို     ရင်းရင်း နှီးနှီး    မေးမြန်းအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့်    မျက်စိခွဲစိတ်လူနာများ အား မျက်မှန်များ ပေးအပ်လှူဒါန်း သည်။

 


ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည်    ဆေးရုံများ အတွင်း   လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ           ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်