
နေပြည်တော် မေ ၁၃
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြ မည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့မှ ဝန်ထမ်းမိသားစု များ၏သားသမီး ကျောင်းသား ကျောင်းသူများ ပညာသင် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်နုမြဇံက ပညာသင် ထောက်ပံ့ငွေပေးရမည့် ကျောင်း သား ကျောင်းသူအရေအတွက်မှာ မူလတန်း၊ အလယ်တန်း၊ အထက် တန်းအဆင့် တက်ရောက်ပညာ သင်ကြားမည့် ကျောင်းသား ကျောင်းသူ ၄၃၇ ဦးနှင့် တက္ကသိုလ် အဆင့် တက်ရောက်ပညာ သင်ကြားမည့် ကျောင်းသား ကျောင်းသူ ၅၁ ဦး၊ စုစုပေါင်း ၄၈၈ ဦးရှိပြီး ၄၈ သိန်းကျော် ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ရခြင်းရည်ရွယ်ချက်မှာ ဝန်ထမ်းများနှင့် ၎င်းတို့၏ သားသမီး ကျောင်းသား ကျောင်းသူများအတွက် တစ်စိတ် တစ်ပိုင်း အကူအညီဖြစ်စေရန် ဖြစ်ပြီး နောင်ပညာသင်နှစ်များ တွင် ယခုထက် ပိုမိုထောက်ပံ့ နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သားသမီးများကို ပညာ ကြိုးစားသင်ယူ ဆည်းပူးအောင် တိုက်တွန်းပေးကြစေလိုကြောင်း၊ ပညာတတ်မြောက်မှသာ နောင် တစ်ချိန် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ့တာဝန် များကို ကျရာကဏ္ဍမှ ကျေပွန်စွာ ပါဝင် ထမ်းဆောင်နိုင်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်နုမြဇံနှင့် ညွှန်ကြားရေးမှူး ချုပ် ဦးရဲရင့်လွင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစိုင်းကျော်သူတို့က ပညာသင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ကော်မရှင်ရုံး၊ တိုင်းဒေသကြီး / ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေကော်မရှင် အဖွဲ့ ခွဲရုံးများမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်နုမြဇံက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်