ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းများ သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်အလုပ်အကိုင်ကို အဓိကဦးစားပေး၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သွားမည်

 

 

ရန်ကုန်   မေ   ၁၃


၂၀၂၁-၂၀၂၂   Mini   Budget နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှု   စစ်ဆေးအကဲဖြတ် ရေးလုပ်ငန်းများ   သုံးသပ်ညှိနှိုင်း အစည်းအဝေးကို    ယနေ့နံနက် ပိုင်းတွင်  ရန်ကုန်မြို့ရှိ  ကျွမ်းကျင် မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ    ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်   အညီ ကျင်းပသည်။

 


အစည်းအဝေးသို့ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်   ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)   ဥက္ကဋ္ဌ၊   အလုပ်သမား ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့်      အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊  ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြု ရေး  ကော်မတီဝင်များ၊  အလုပ် အကိုင်ဆိုင်ရာ  ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး  ကော်မတီဝင်များ နှင့်    မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ Assessment Center တာဝန်ခံ များ၊ Chief Assessor/Assessor များ၊ Inspector များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ကြ သည်။ 

 


အစည်းအဝေးတွင်   ဒုတိယ ဝန်ကြီးက  မြန်မာနိုင်ငံလုပ်သား များ  ကျွမ်းကျင်မှု “စံ”  သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့မှ   အကောင် အထည်ဖော် ဆောင်ရွက်ချက်များ သည်  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အဓိကကျသည့်   လုပ်ငန်းဖြစ်၍ အကောင်အထည်ဖော်    ဆောင် ရွက်သူအားလုံး    အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် အတွင်း   ဖြေဆိုသူ  ၅၀၀၀  ကို စစ်ဆေးအကဲဖြတ်ရန် လျာထား ပြီး  ၂၀၂၁-၂၀၂၂  Mini  Budget အတွင်း ကျွမ်းကျင်မှုစစ်ဆေးရေးအကဲဖြတ်ခြင်း    လုပ်ငန်းများကို ကိုဗစ်-၁၉     ကာလအတွင်း ကန့်သတ် ဆောင်ရွက်ခဲ့ရသဖြင့် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်တွင် လျာထားချက်အတိုင်း အောင်မြင် စွာ   အကောင်အထည်ဖော်နိုင်ရ မည်ဖြစ်ကြောင်း။ 
၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် အတွင်း    အထည်ချုပ်အလုပ် အကိုင်ကို  အဓိက  ဦးစားပေး၍ ကျွမ်းကျင်မှု   စစ်ဆေးအကဲဖြတ် သွားမည်ဖြစ်ရာ   မြန်မာနိုင်ငံ အတွင်း စက်မှုဇုန်များရှိ အထည် ချုပ် စက်ရုံများနှင့် အထည်ချုပ် လုပ်ငန်း   စစ်ဆေးအကဲဖြတ်ရေး ဌာန   အရေအတွက်ကို   နှိုင်းယှဉ် ကြည့်ပါက   အချိုးမညီသဖြင့် စစ်ဆေးရေးမှူးများ၊    စစ်ဆေး အကဲဖြတ်သူများ၊ စစ်ဆေးရေးမှူး ချုပ်များ ပိုမိုမွေးထုတ်၍ စစ်ဆေး အကဲဖြတ်ရေးဌာနများ  တိုးချဲ့ တည်ဆောက်‌ပေးပြီး အလုပ်ရှင်၊ အလုပ်သမားများမှ   ပူးပေါင်း ဆောင်ရွက်ရန်      လိုကြောင်း ပြောကြားသည်။ 

 


ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက ၂၀၂၁-၂၀၂၂ Mini Budget ကာလအတွင်း ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ် ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  အားနည်းချက်၊ အားသာချက်များ ကို ရှင်းလင်းဆွေးနွေးပြီး ၂၀၂၂-၂၀၂၃     ဘဏ္ဍာရေးနှစ်အတွင်း ရှေ့ဆက်        ဆောင်ရွက်မည့်  ကျွမ်းကျင်မှု  စစ်ဆေးအကဲဖြတ် ရေးဆိုင်ရာ  လုပ်ငန်းစဉ်များအပေါ် အကြံပြု   ဆွေးနွေးရာ   ဒုတိယ ဝန်ကြီးက ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေး  လုပ်ငန်းစဉ်များ အတွက် လိုအပ်သည့် အနည်းဆုံး ကုန်ကျစရိတ်ကို ကာလပေါက် ဈေးအမှန်ဖြင့် တွက်ချက်တင်ပြ ရန်လိုကြောင်း၊   အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှုစစ်ဆေးရေးအကဲဖြတ်ရေး  ချီးမြှင့်ငွေများကို သတ်မှတ်နှုန်းအတိုင်း ပေးချေရန် လိုကြောင်း၊ Assessment Center များ  သတ်မှတ်ကာလအတွင်း သက်တမ်းတိုးရန်နှင့် စစ်ဆေးမှု လုပ်ငန်းစဉ်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ   လိုက်နာဆောင်ရွက်ရန် လိုကြောင်း မှာကြားသည်။ 

 


မွန်းလွဲပိုင်းတွင်   ဒုတိယ ဝန်ကြီးသည်     ရန်ကုန်တိုင်း ဒေသကြီး       သင်္ဃန်းကျွန်းမြို့နယ်    ဘဝမြင့်    မှတ်တိုင်အနီးရှိ    CVT Myanmar   သက်မွေးပညာသင် တန်းကျောင်းသို့   ရောက်ရှိပြီး သင်တန်းတာဝန်ခံ   အမှုဆောင် အရာရှိချုပ်   ဒေါ်ခင်မြတ်စန္ဒာက CVT Myanmar သင်တန်းကျောင်း ၏ ဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်း စဉ်များကို    ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက MoU သက်တမ်း ကာလအတွင်း MoU၏ ရည်ရွယ် ချက်နှင့်အညီ   အသက်မွေးဝမ်း ကျောင်းနှင့်   လူ့စွမ်းအားအရင်း အမြစ်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ   သင်တန်းများကို   ဆက်လက်     ဖွင့်လှစ်ပို့ချနိုင်ရေး  မှာကြားပြီး   သက်မွေးသင်တန်းကျောင်းကို လှည့်လည်    ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

 သတင်းစဉ်