
နေပြည်တော် မေ ၁၃
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက လုပ်ငန်းကော်မတီမှ စီးပွားရေးလုပ်ငန်း အသီးသီးသို့ ချေးငွေထုတ်ပေးခဲ့ခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စ၊ ချေးငွေရယူထားသူများက ပြန်လည်ပေးဆပ်နေမှု၊ ဝဥစိုက်ပျိုးထုတ်လုပ်သူများအတွက် ချေးငွေ ထုတ်ပေးရေး ချင်းပြည်နယ်အစိုးရက တင်ပြလာမှု အပေါ် ချေးငွေထုတ်ပေးမည့် အစီအစဉ်၊ အခြား ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် လုပ်ငန်းကော်မတီက တာဝန်ယူဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြ သူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက် မှုများ ကုစားရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
သတင်းစဉ်