ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   မေ   ၁၃


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးသောင်းဟန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ    သံအမတ်ကြီး  မစ္စတာချန်းဟိုင်ကို ယနေ့နံနက် ၁၀ နာရီတွင်   လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန   ရုံးအမှတ်  (၂၇)ပြည်ထောင်စုဝန်ကြီး၏   ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

 


တွေ့ဆုံစဉ်      မြန်မာနိုင်ငံ ၏    လျှပ်စစ်စွမ်းအားကဏ္ဍနှင့် စွမ်းအင်ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး အတွက်    နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆိုင်ရာ   ကိစ္စ၊ ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကိစ္စ၊  သဘာဝဓာတ်ငွေ့နှင့်   အပူ စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းဆိုင်ရာကိစ္စ၊    ရေနံနှင့် သဘာဝဓာတ်ငွေ့  လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်မှု   ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန     ဒုတိယဝန်ကြီး‌‌‌ ဒေါက်တာအောင်ဇေယျ ၊ စွမ်းအင် ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဌာနဆိုင်ရာ  အကြီး အကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

သတင်းစဉ်