‌ရွှေလီနယ်စပ်မှတစ်ဆင့် ကြံတန်ချိန် ငါးထောင်ကျော် တရုတ်နိုင်ငံသို့တင်ပို့

 

နေပြည်တော် မေ ၁၂


နယ်စပ်ဂိတ်   ပြန်လည်ဖွင့်လှစ်သည့်  ဧပြီ ၁၃ ရက်မှစ၍ မေလ ပထမပတ်အထိ   တရုတ်-မြန်မာနယ်စပ်   ရွှေလီလေယွင်ဂိတ်မှ ကြံတန်ချိန် ၅၄၄၀ ကို တင်ပို့နိုင်ခဲ့ကြောင်း ရွှေလီအထွေထွေမီဒီယာ စင်တာမှသိရသည်။  မေလ ၆ ရက်က ကြံများတင်ဆောင်လာသည့် ကုန်တင်ယာဉ်များသည် နှစ်ကြိမ်ပိုးသတ်ခြင်း၊ ယာဉ်မောင်းလဲလှယ် ၍ မောင်းနှင်ခြင်းနှင့် သုံးပိုင်းခွဲကာ   သယ်ယူပို့ဆောင်ခြင်းစသည့် နည်းလမ်းများဖြင့်   စနစ်တကျ  ရွှေလီအတွင်းသို့   ဝင်ရောက်နိုင်ခဲ့ ကြောင်းသိရှိရသည်။ အကောက်ခွန်ရှင်းလင်းပြီး ဂိတ်စတင်ဖြတ်သန်း နိုင်ခဲ့သည့်    ဧပြီလ    ၁၃  ရက်မှစတင်၍   ကြံတင်ပို့မှုပြန်လည် အားကောင်းလာပြီး  ကြံတန်ဖိုးပေါင်း ယွမ် ၂ ဒသမ ၄၄၈၅၀၂ သန်း ရှိကြောင်း သိရှိရသည်။