
နေပြည်တော် မေ ၁၂
နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင် အစည်းအဝေးခန်းမ (၂) တွင် မြရည်နန္ဒာငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မေ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ရေဆင်းစိုက်ပျိူးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဇေယျာသီရိမြို့နယ် သမဝါယမဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မြရည်နန္ဒာ သမဝါယမ အသင်းသူအသင်းသားများ တက်ရောက်ခဲ့ပြီး အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ခြင်း၊ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် စာရင်းစစ် အဖွဲ့၏ အစီရင်ခံစာများကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိများက အသင်းကိုယ်စား အသင်းသားများအား စားသုံးဆီ ထောက်ပံ့ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်