ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်

 

နေပြည်တော်  မေ   ၁၁


ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်း ကျေးရွာအုပ်စု ရွှေလောင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ  ဒေသခံပြည်သူများကို  အနောက် တောင်တိုင်း  စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ရွှေလောင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်း၌  မေ   ၁၀  ရက်နှင့်  ယနေ့တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေးသည်။

 


ထိုသို့  ဆောင်ရွက်ပေးလျက်ရှိရာ  သံဃာတော် ၁၂ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် နှစ်ပါး၊ ဒေသခံ ပြည်သူ ၆၈၁ ဦးတို့ကို  ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊   ကလေးရောဂါနှင့် အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ဆေးဝါးကုသမှုများ   ဆောင်ရွက်ပေးပြီး   ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူများကို  နယ်မြေခံ တပ်မတော်ဆေးတပ်ရင်းသို့    တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

 


ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးသည်။ 

 


ယင်းသို့  ဆောင်ရွက်ပေးနေမှုများကို   ယနေ့ နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ဆက်လက်၍  တိုင်းမှူးနှင့်   အဖွဲ့ဝင်များသည် အဆိုပါကျေးရွာရှိ ပညာတံခွန် ပရိယတ္တိစာသင်တိုက်  ဆရာတော် ဘဒ္ဒန္တ ရေဝတအား   ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်