
နေပြည်တော် မေ ၁၀
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်း ဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစား ချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ ကြားက ပြည်သူ့စကား” အစီအစဉ်မှ “လူငယ်များရဲ့ ပညာသင်ကြားရေးကို ခြိမ်းခြောက်နေသော အနာဂတ်ကို အညွန့် ချိုးနေတဲ့ နိုင်ငံရေးအစွန်းရောက် အကြမ်း ဖက်သမားများ” ခေါင်းစဉ်ဖြင့် မေ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။
အလားတူ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “မိုးညှင်းမြို့နယ်၊ နန်းမား ကျေးရွာအုပ်စု၊ နန့်စလော်ကျေးရွာရှိ ဒက္ခိဏ ဝန်မန် (တောင်ကျောင်း) ဘုန်းတော်ကြီး ကျောင်းတိုက်အား အကြမ်းဖက်အဖွဲ့များက ဒရုန်းယာဉ်ဖြင့် ပစ်ချဖောက်ခွဲခဲ့သည့်ဖြစ်စဉ်” နှင့် ပတ်သက်သည့်ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ဆက်မည်ဖြစ်သောကြောင့် ပါဝင် ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာ သည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက် ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်