ယခုဖြစ်ပေါ်နေသည့်မုန်တိုင်းသည် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မုန်တိုင်းဒီရေမြင့်တက်လာခြင်းများ ကြုံတွေ့လာနိုင်

 

 

နေပြည်တော်   မေ    ၉  
ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေ သည့်   အားကောင်းသော    ဆိုင်ကလုန်းမုန်တိုင်း အာစန်နီဖြတ်သန်းရာ      ခန့်မှန်းလမ်းကြောင်းနှင့် ဆက်စပ်သတင်းအချက်အလက်များကို  အခြေခံ၍ လိုအပ်သော  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း များ  ဆောင်ရွက်နိုင်ရန်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာသက်သက်ခိုင်၊   ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည်  ယနေ့ နံနက် ၁၀ နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု   ဗဟိုဌာနသို့ရောက်ရှိကာ    မိုးလေဝသနှင့် ဇလဗေဒ   ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာ မိုးလေဝသ Website များမှ အချက်အလက် များကို ရယူ၍   လိုအပ်သော   ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုလုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်   သွားရောက် ကြည့်ရှုစစ်ဆေးသည်။ 
ယင်းသို့ ကြည့်ရှုစစ်ဆေးစဉ် ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင်    ဖြစ်ပေါ်နေသော   အား ကောင်းသော    ဆိုင်ကလုန်းမုန်တိုင်း   (Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ တည်နေရာ၊ ဗဟိုလေတိုက်နှုန်း၊ မုန်တိုင်း ဖြတ်သန်းမည့်  ခန့်မှန်း ရွေ့လျားလမ်းကြောင်းများနှင့်တကွ    ဆိုင်ကလုန်း မုန်တိုင်း၏ မြန်မာနိုင်ငံအပေါ်   သက်ရောက်နိုင်မှု အခြေအနေများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဌာနကြီးမှူး ဒေါ်သီရိမောင်က ရှင်းလင်း တင်ပြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။
တင်ပြချက်များနှင့်  စပ်လျဉ်း၍  ပြည်ထောင်စု ဝန်ကြီးက   မုန်တိုင်းဖြစ်ပေါ်နေစဉ်   အချိန်ကာလ အတွင်း မုန်တိုင်းဖြတ်သန်းမည့် ခန့်မှန်းလမ်းကြောင်း ကို     နေ့ရက်အချိန်အလိုက်    စဉ်ဆက်မပြတ် စောင့်ကြည့်စေလိုကြောင်း၊ သို့မှသာ မုန်တိုင်းလမ်းကြောင်းပြောင်းလဲမှုနှင့် သက်ရောက်မှုကို အချိန်မီ သိရှိနိုင်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း စဉ်များအား အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊   ဆိုင်ကလုန်းမုန်တိုင်း  “အာစန်နီ (Asani)”   ၏      သတင်းအချက်အလက်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌထံသို့ အချိန်နှင့်တစ်ပြေးညီတင်ပြ ရန်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေပေးရန်   လိုအပ်ကြောင်း၊    ယခု မုန်တိုင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၊ လိုအပ်သော သဘာဝ ဘေးစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ဆက်လက်၍  ဒုတိယဝန်ကြီးက     ယခုဖြစ်ပေါ် နေသည့်မုန်တိုင်းသည်         မြန်မာနိုင်ငံဘက်သို့ ဦးတည်ဖြတ်သန်းနိုင်ခြေ     နည်းပါးသော်လည်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မုန်တိုင်းဒီရေမြင့်တက်လာခြင်းများ ကြုံတွေ့လာနိုင်သည်ဖြစ်ရာ မုန်တိုင်း သက်ရောက်နိုင်ခြေရှိသည့် တိုင်းဒေသကြီး/ပြည်နယ် များမှ    တာဝန်ရှိသူများအနေဖြင့်     မုန်တိုင်းနှင့် စပ်လျဉ်း၍ ပြည်သူများ သတိပြုမိနိုင်ရေးအပါအဝင် လိုအပ်ပါက တုံ့ပြန်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်နိုင် ရေး အသိပေးရန်လိုအပ်ကြောင်း မှာကြားသည်။ 
မွန်းလွဲပိုင်းတွင် မသန်စွမ်းမှု အဆင့်သတ်မှတ် ခြင်းနှင့်   မသန်စွမ်းသူများ    မှတ်ပုံတင်ခြင်းဆိုင်ရာ ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်မှု မိတ်ဆက် ခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက်    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  က အမှာစကားပြောကြားပြီး  မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ် (ယာယီဗဟို အလုပ်အမှုဆောင် အဖွဲ့) ဥက္ကဋ္ဌက    ကျေးဇူးတင်စကား    ပြန်လည် ပြောကြားသည်။                                                        
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများ   မှတ်ပုံတင်ခြင်းလုပ်ငန်းကို     ပြည်ထဲရေး ဝန်ကြီးဌာန၊     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံ   မသန်စွမ်းသူများအသင်းချုပ်  (ယာယီဗဟို အလုပ်အမှုဆောင်အဖွဲ့)၊ မသန်စွမ်းအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍  ကနဦးစီမံ ကိန်းနယ်မြေ (၄)ခု ဖြစ်သည့် နေပြည်တော်ကောင်စီ နယ်မြေ   ပုဗ္ဗသီရိမြို့နယ်၊   ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊   ပဲခူးတိုင်းဒေသကြီး  ညောင် လေးပင်မြို့နယ်နှင့် ကရင်ပြည်နယ်  ဘားအံမြို့နယ် တို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပြီး  ရရှိလာသည့် အတွေ့အကြုံ၊ သင်ခန်းစာ နှင့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်၍ တစ်နိုင်ငံ လုံးလွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။                သတင်းစဉ်