အလုပ်သမားဝန်ကြီးဌာန အလုပ်သမားဆက်ဆံရေးဆိုင်ရာ တာဝန်ခံအရာထမ်းများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကျင်းပ 


 

နေပြည်တော်     မေ     ၉
အလုပ်သမားဝန်ကြီးဌာန   အလုပ်သမားဆက်ဆံရေးဆိုင်ရာ  တာဝန်ခံအရာထမ်းများ၏  လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ် သမားဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။ 
ဆွေးနွေးဖလှယ်ကြရန်လို
အခမ်းအနားတွင်    အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်သမား ရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယ အကြိမ်  ပြင်ဆင်သည့်  ဥပဒေအား သုံးသပ်နိုင်ရန် အတွက်  လက်တွေ့အကောင်အထည်ဖော်  ဆောင် ရွက်နေသည့် တာဝန်ခံအရာထမ်းများမှ တင်ပြလာ သော အားသာချက်၊ အားနည်းချက်၊ အခက်အခဲနှင့်  စိန်ခေါ်မှုများကို အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန၏ အရာထမ်းများနှင့် တာဝန်ခံ အရာထမ်း များအချင်းချင်း ဆွေးနွေးဖလှယ်ကြရန်လိုကြောင်း၊ သို့မှသာ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပွား သော    အငြင်းပွားမှုများကို    အလုပ်သမားရေးရာ အငြင်းပွားမှု   ဖြေရှင်းရေးဥပဒေ၊   နည်းဥပဒေများ နှင့်အညီ  ထိရောက်စွာ  ဖြေရှင်းဆောင်ရွက်ပေးနိုင် မည်ဖြစ်ပြီး   တာဝန်ခံအရာထမ်းများ၏   လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်လာစေမည်ဖြစ်ကြောင်း။
အကောင်အထည်ဖော်ဆောင်ရွက်
အရာထမ်းများအနေဖြင့်     ဦးစီးဌာနများမှ စည်းကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များကို ကောင်းမွန်ကျေညက်စွာ သိရှိမှသာ အလုပ် သမားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အလုပ် သမားဥပဒေပါ အကျိုးခံစားခွင့်များကို မှန်ကန်စွာ နှင့်  မြန်ဆန်စွာရရှိရေး ဆောင်ရွက်သွားနိုင်မည်ဖြစ် ကြောင်း၊ တာဝန်ခံ အရာထမ်းများအနေဖြင့် မိမိတို့၏  လုပ်ပိုင်ခွင့်နှင့်  တာဝန်များကို  ကျင့်သုံး၍ အလုပ် သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များကို မှန်မှန်နှင့် အပြည့်အဝခံစားရရှိစေရေး   ထိထိရောက်ရောက် အကောင်အထည်ဖော်    ဆောင်ရွက်ပေးကြစေလို ကြောင်း။
  တိုးမြှင့်ဖွဲ့စည်းနိုင်ရေး အလေးထား 
အငြင်းပွားမှုများနှင့်စပ်လျဉ်း၍   အောက်ခြေ အဆင့်တွင်   အမှုများ   ပြီးပြတ်မှုရှိစေရေးအတွက် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ အရ   မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့်   ညှိနှိုင်း ဖျန်ဖြေရာတွင်    အလုပ်ရှင်၊     အလုပ်သမားများ၏ လိုလားချက်များအပေါ် နှစ်ဖက်ပြေငြိမ်းမှု ရရှိစေရေး အတတ်နိုင်ဆုံး    ဖျန်ဖြေရေးအရာထမ်း၏   ညှိနှိုင်း ဖျန်ဖြေမှုစွမ်းရည်   ပြည့်ဝစွာဖြင့်    ဖျန်ဖြေညှိနှိုင်း ပေးခြင်း၊   အငြင်းပွားမှုအဖြစ်    မရောက်ရှိစေရေး အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် ဆွေးနွေးညှိနှိုင်းမှု ပိုမိုဆောင်ရွက်စေ ခြင်းနှင့်  အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီ    တိုးမြှင့်ဖွဲ့စည်းနိုင်ရေး     အလေးထား တွန်းအားပေး     လုပ်ဆောင်ကြရန်လိုကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဌာနဆိုင်ရာ အရာရှိကြီး များ၊   အလုပ်သမားရေးရာ  ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ     အရာထမ်းများနှင့်     တိုင်းဒေသကြီး/ ပြည်နယ်/    မြို့နယ်ရုံးခွဲများမှ    အရာထမ်းများ တက်ရောက်ကြသည်။            
           သတင်းစဉ်