
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ် ၂၇ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်
(၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်)
၁။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၁၀-၁၁-၂၀၂၁) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေအားလုံးကို ပို့ကုန်တင်ပို့သည့်နေ့မှ သုံးလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေ စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ထည့်သွင်းရန်နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက် ကားသည့်လုပ်ငန်းလိုင်စင်ရရှိသူ (AD ဘဏ်များ) သည် ပို့ကုန်အမှန်တကယ် တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့ သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ သုံးလအတွင်း ပို့ကုန်တင်ပို့ သူများက ပို့ကုန်ရငွေများ လက်ခံရရှိခြင်း ရှိ မရှိ ကို စိစစ်ရန် ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။
၂။ ပို့ကုန်ရငွေအားလုံးကို ပို့ကုန်တင်ပို့သည့်နေ့မှ သုံးလအတွင်း နိုင်ငံတော်အတွင်းရှိ ပို့ကုန်တင်ပို့ သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက်ထည့်သွင်းရေး ဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅) ရက်အတွင်း လည်းကောင်း၊ အာရှနိုင်ငံ များမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ် တွေ့ရှိရပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ပါသည်။
သန်းညိန်း
ဥက္ကဋ္ဌ