e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

 

နေပြည်တော်    မေ   ၆


လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီး ဌာနမှ    အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိ သည့်  e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက် ရေးနှင့်ပတ်သက်၍  ပြည်တွင်းနည်းပညာအကြံပေး အဖွဲ့  ဒုတိယအကြိမ်  အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက    နေပြည်တော်ရှိ   အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အပိုင်းနှစ်ပိုင်းဖြင့်ဆောင်ရွက်မည်


ရှေးဦးစွာ   e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က   e-Government စနစ်၏   အခြေခံအကျဆုံးဖြစ်သည့်   e-ID စနစ် လုပ်ငန်းကို   မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊    ယင်းစနစ်လုပ်ငန်းသည်    လုပ်ငန်း ပမာဏကြီးမားကျယ်ပြန့်ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်မှသာ  အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း၊   e-ID စနစ်လုပ်ငန်းအား ပြီးခဲ့သည့်   ဧပြီ ၁ ရက်မှ    စတင်ဆောင်ရွက်သည် ဆိုသော်လည်း ယခင်ကတည်းက   အောက်ခြေအဆင့် လုပ်ငန်းများကို  အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊  e-ID စနစ် အကောင်အထည်ဖော်နိုင်ရေး အတွက် ဦးစီးဌာနဖွဲ့စည်းမှုနှင့်  လိုအပ်သောဝန်ထမ်း များ    ခန့်အပ်တာဝန်ပေးမှုတို့ကို    ဆောင်ရွက်ပြီး အဆောက်အအုံ  ဆောက်လုပ်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး  လုပ်ငန်းဆိုင်ရာ လိုအပ် သည့်အဖွဲ့များ ဖွဲ့စည်း၍   ညှိနှိုင်းဆွေးနွေးမှုများကိုလည်း  ဆောင်ရွက်လျက်ရှိပါကြောင်း၊  e-ID စနစ်ကို Unit-ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက် ခြင်းဆိုသည့် အပိုင်းနှစ်ပိုင်းဖြင့်  ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ Unit–ID ကောက်ယူရာတွင် ယခုကာလ အတွင်း နယ်မြေလုံခြုံရေးအခြေအနေ၊  ကျန်းမာရေး ဆိုင်ရာ ကန့်သတ်ချက်များအပေါ်မူတည်၍ မြို့နယ် ၈၁ မြို့နယ်ကို   ရွေးချယ်ဆောင်ရွက်ရန်    စီစဉ် ထားပါကြောင်း။

 


ရှေ့လုပ်ငန်းစဉ်များ


 လက်ရှိအခြေအနေတွင် မိမိတို့ဌာနမှ တိုင်းဒေသ ကြီး/ ပြည်နယ် အသီးသီးရှိ  နိုင်ငံသားကတ်ထုတ်ပေး သည့်  မှတ်ပုံတင်စာရင်း (နိုင်-၄) မှတ်တမ်းများကို ကွန်ပျူတာများဖြင့်  Excel Format   ရိုက်သွင်းကာ နေပြည်တော်ရုံးချုပ်သို့  ပေးပို့ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ရုံးချုပ်မှ   Software   ပြောင်းလဲကာ Server တွင် သိမ်းဆည်းသည့်    လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊     ဆက်လက် ဆောင်ရွက်မည့်      ရှေ့လုပ်ငန်းစဉ်များအနေဖြင့် ယခုပြည်တွင်းနည်းပညာ  အကြံပေးအဖွဲ့ဝင်များက e-ID စနစ်၏   ဒီဇိုင်းပုံစံ၊     Biometric Data   သုံးမျိုး ကောက်ယူရာတွင်  ဆောင်ရွက်မည့်ပုံစံနှင့် လိုအပ် မည့် Enrollment Kit တွင်  ပါရှိရမည့် ပစ္စည်းကိရိယာ များ၊     လုပ်ငန်းဆိုင်ရာ   နိုင်ငံခြားသားပညာရှင် ငှားရမ်းနိုင်မည့်  အခြေအနေ၊ IT ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း၊  လက်ရှိ နိုင်ငံတော် အစိုးရ တာဝန်ယူစဉ်ကာလအတွင်း   e-ID စနစ်နှင့် ပတ်သက်၍  ခြေလှမ်းတစ်လှမ်း၊ နှစ်လှမ်း စသည်ဖြင့် လှမ်းနိုင်သမျှ၊ ပြီးစီးနိုင်သမျှ ပြီးစီးအောင်  အကောင် အထည်ဖော်     ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 

 


ရှင်းလင်းတင်ပြ


ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့၊   ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ   အဖွဲ့ဝင်များ၏   အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြပြီး ပြည်တွင်း နည်းပညာ အကြံပေးအဖွဲ့ အဖွဲ့ဝင်များက e-ID စနစ် လုပ်ငန်းနှင့်ပတ်သက်၍   နိုင်ငံတကာ၌ ဆောင်ရွက် နေသည့် နည်းပညာဒီဇိုင်းပုံစံများနှင့် အားနည်းချက်၊ အားသာချက်များ၊    မိမိနိုင်ငံအတွက်  ဆောင်ရွက် သင့်သည့်  ဒီဇိုင်းပုံစံ၊ နည်းပညာလုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ၊ နယ်ပယ်အသီးသီးသို့ ဝန်ဆောင်မှု ပေးနိုင်ရေးအတွက်  ဆောင်ရွက်ရန်နည်းလမ်းများနှင့်အသုံးပြုမည့်ပစ္စည်းကိရိယာ ရွေးချယ်အသုံးပြုနိုင်ရေးအခြေအနေများ၊    e-ID စနစ်   လုပ်ငန်း အကောင်အထည်ဖော်ရာတွင်   လုပ်နည်းလုပ်ဟန်နှင့် အချိန်ကာလသတ်မှတ်ချက်၊    နည်းပညာဆိုင်ရာ နိုင်ငံခြားသားအကြံပေးနှင့်   လုပ်ငန်းလိုအပ်ချက် များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


 သတင်းစဉ်