
မြစ်ကြီးနား မေ ၆
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနား တက္ကသိုလ် ခန်းမဆောင်၌ အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြဆရာ ဆရာမ မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနား သို့ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က အသစ်ခန့်အပ် ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ မောင်မယ်သစ်လွင် ၄၅ ဦးတို့အား နိုင်ငံဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနေသည့် တက္ကသိုလ် များသည် အဓိကကျသကဲ့သို့ တက္ကသိုလ်များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက ကျပြီး ယနေ့ခေတ် လူငယ် လူရွယ်များနှင့် မိမိတို့တိုင်းပြည် ၏ အနာဂတ်ကောင်းမွန်စေရေး ထုဆစ်ပုံဖော်ပေးကြမည့် ဆရာ ဆရာမလောင်းများအား လှိုက်လှဲ စွာ ကြိုဆိုပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ် ၌ မေ ၈ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ တို့ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ NGO အဖွဲ့အစည်းများ၊ မြင့်မြတ် သူ သွေးလှူရှင်အသင်း၊ ပေးဆပ် သူ လူမှုပရဟိတအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်း သွေးလှူဒါန်းပွဲသို့ တက်ရောက် ကြပြီး ကျန်းမာရေးဝန်ထမ်း များနှင့် သွေးလှူရှင် စေတနာ့ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြကာ အာဟာရ ဖြည့် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သွေး လှူရှင်များအတွက် ထောက်ပံ့ငွေ များကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ် မိုးလုံ လေလုံ အားကစားခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး)ဖိတ်ခေါ်ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကလပ်ပေါင်းစုံ ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲတွင် ဘော်လီဘောအားကစားသမား များက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်းတို့မှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ကိုးသင်း၊ အမျိုးသမီးအသင်း ငါးသင်းတို့မှ အားကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံ တွေ့ဆုံအားပေးကာ ပြိုင်ပွဲဝင် အသင်းများအတွက် ထောက်ပံ့ ငွေကျပ် ၁၂ သိန်းနှင့် ဒိုင်လူကြီးများ အတွက် ထောက်ပံ့ငွေကျပ် နှစ်သိန်း ကို ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ် ဖလား ဖိတ်ခေါ်ဘော်လီဘော ပြိုင်ပွဲကို သုံးရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)