
မကွေး မေ ၆
မကွေးတိုင်းဒေသကြီး (၂၃) ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးတင့်လွင်က အမှာ စကားပြောကြားရာတွင် (၂၃)ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုး ဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ တစ်မျိုးသားလုံး ၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားမှု ပိုမိုတိုးတက်ဖြစ်ထွန်း ရေး၊ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာ တွင် အနုသုခုမဂီတပညာဖြင့် တစ်တပ်တအား ပါဝင် လက်တွဲ ဆောင်ရွက်ရေး ရည်ရွယ်ချက် များဖြင့် ပါဝင်ယှဉ်ပြိုင်ရန်ဖြစ်ပါ ကြောင်း၊ မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီ ၁၁ ခု ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး (၂၃) ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မကွေးတိုင်း ဒေသကြီးမှ အနုပညာရှင် များ မွေးထုတ်ပေးနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ပြော ကြားသည်။
ဆက်လက်၍ မကွေးတိုင်း ဒေသကြီး (၂၃) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ မကွေး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များမှ ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခဲ့ရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ကိုအောင်