ပေါက်တောမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (ဖုန်းပြုပြင်)သင်တန်းဖွင့်လှစ်

 

ပေါက်တော   မေ  ၆


သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပေါက်တောမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ လူငယ်များ   အလုပ်အကိုင်အခွင့်အလမ်းများ  ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု(ဖုန်းပြုပြင်) သင်တန်းဖွင့်ပွဲ ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

 


ရှေးဦးစွာ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်းက အမှာစကားပြောကြား ပြီး  သင်တန်းဆရာ ဦးသန်းအေးကျော်က သင်တန်းနှင့်ပတ်သက်၍ သင်ကြားပို့ချမည့်    သင်ခန်းစာများကို   ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် ပေါက်တောမြို့နယ်အတွင်းရှိ တောင်ညိုကျေးရွာ၊ ရွာချောင်းကြီးကျေးရွာနှင့် ပေါက်တောမြို့ပေါ်မှ သင်တန်းသား ၁၀ ဦး၊ သင်တန်းသူ ၁၀ ဦး စုစုပေါင်း ၂၀  တက်ရောက်ကြပြီး သင်တန်းဆရာ များက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်၍ သင်တန်းကာလ မှာ ရက်သတ္တသုံးပတ် ကြာမြင့်မည်ဖြစ်သည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)