
နေပြည်တော် မေ ၆
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာရင်ရင်နွယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သော ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာသီတာဦး၊ ဦးခင်မောင်ရီ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် များ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌ၊ အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင် သိန်း၊ အငြိမ်းစား ဒုတိယဝန်ကြီး များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ ကိုယ်စား လှယ်များ၊ အမြဲတမ်းအတွင်းဝန် များ၊ အဆင့်မြင့်အရာရှိများ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန ဝန်ထမ်းများ တက် ရောက်ကြသည်။
ချီးကျူးဂုဏ်ပြု
အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်းက ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် ခေတ်အဆက်ဆက် အစိုးရများ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများအတွက် မူဝါဒများချမှတ်ပြီး အမျိုးသားစီမံကိန်းများ ရေးဆွဲ၍ စီမံကိန်းများ အကောင်အထည် ဖော်ခဲ့ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ ပြည်ပ ချေးငွေနှင့် ငွေကြေးအထောက် အပံ့များ၊ ကျွမ်းကျင်မှုအကူအညီ များ ရယူရေးနှင့် အခြားသော ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း များကို ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနကို ၁၉၇၂ ခုနှစ် မတ် ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုဆိုလျှင် ရွှေရတုကာလ နှစ် (၅၀) ပြည့် မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာနအနေဖြင့် ရွှေရတုတိုင် အောင် နိုင်ငံတော်ကပေးအပ်လာ သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းကို ချီးကျူး ဂုဏ်ပြုပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း ၍ အရေးပါသောဌာနဖြစ်သည့် အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရန်အတွက် လိုအပ်သည့် အကူအညီ ထောက်ပံ့မှုများရရှိ အောင် ဆောင်ရွက်ပေးနိုင်သည့် ဌာနလည်း ဖြစ်ပါကြောင်း၊ နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဦးစီး ဌာနအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည် ချက် (၉) ရပ်တို့ကို ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ မေခရိုစီးပွားရေး အခြေခံ အဆောက်အအုံများ၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များအတွက် လိုအပ်သည့် ပံ့ပိုးမှု များရရှိစေရန် ကြိုးပမ်းဆောင် ရွက်သွားစေလိုပါကြောင်း ပြော ကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန အနေဖြင့် ရွှေရတုတိုင် သမိုင်း အစဉ်အလာ ကောင်းများဖြင့် ဆောင်ရွက်နိုင်ခဲ့မှုများ အပေါ် ဂုဏ်ပြုအမှာစကား ပြောကြား သည်။
ဩဝါဒစကား ပြောကြား
ဆက်လက်၍ ယခင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင် သိန်း(ငြိမ်း)က ဩဝါဒစကား ပြောကြားသည်။
ထို့နောက် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမာလာ မျိုးညွန့်က နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန စတင် ဖွဲ့စည်းခဲ့သည့် ၁၉၇၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ ခေတ်အဆက် ဆက် ကြိုးပမ်းအားထုတ်မှုများ၊ အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်လာပုံ နှင့် နိုင်ငံနှင့်လူမျိုး အကျိုးစီးပွား အတွက် ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက် ခဲ့မှုများနှင့် ဌာန၏ အောင်မြင် ထင်ရှားခဲ့သော သမိုင်းမှတ်တိုင် များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှု အပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay LISTOPADOV ၏ ဂုဏ်ပြုစကားကို သံအမတ် ကြီးကိုယ်စား စီးပွားရေး ကောင်စစ်ဝန် Mr. Andrei lunak က ဖတ်ကြားသည်။
ဆက်လက်၍ ရွှေရတုခရီးစဉ် တစ်လျှောက်ဌာန၏ ဆောင်ရွက် ချက်မှတ်တမ်း ဗီဒီယိုပြသခြင်း နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန စတင်ဖွဲ့စည်းခဲ့ချိန်မှ ယခုအချိန်အထိ နိုင်ငံတော် ကိုယ်စား နိုင်ငံတကာ၊ အပြည်ပြည် ဆိုင်ရာနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ခဲ့မှု၊ အာဆီယံ နှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ နှင့် ဌာနတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား မှတ်တမ်းတင် ထုတ်ဝေသည့် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် သမိုင်း စာအုပ် ထုတ်ဝေခြင်းအစီအစဉ် တို့ကို ကျင်းပသည်။
ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်
ထို့နောက် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဦးစီး ဌာန အငြိမ်းစားဝန်ထမ်းများ နှင့် မျိုးဆက်သစ်ဝန်ထမ်းများ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခြင်း၊ လုပ်သက် ၂၅ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၊ အခက်အခဲအမျိုးမျိုး ကြားမှ ရုံးတက်ပျက်ကွက်ခြင်း မရှိဘဲ တာဝန်ကို ကြိုးစား ထမ်းဆောင်ခဲ့သည့် ဝန်ထမ်း များနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။
သတင်းစဉ်