(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်    မေ   ၅


(၂၉)ကြိမ်မြောက်  မြန်မာ့တပ်မတော်ဆေးပညာရပ် ဆိုင်ရာ  နှီးနှောဖလှယ်ပွဲ  အကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop)ကို  ယနေ့နံနက်ပိုင်း တွင်   ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၌ ကျင်းပသည်။

 


အဆိုပါ  ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲသို့    တပ်မတော်အရိုးရောဂါ  အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)  တပ်မှူးဗိုလ်မှူးချုပ်  ကျော်ဇင်ညွန့်၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ်  ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့်   ဌာနမှူးများ၊  ကျန်းမာရေး ဝန်ကြီးဌာန   ဆေးတက္ကသိုလ်များမှ   အရိုးရောဂါ ဆေးပညာဌာန ပါမောက္ခဌာနမှူးများနှင့် အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်မည့်        သင်တန်းသားများ တက်ရောက်ကြသည်။

 


ဦးစွာ တပ်မတော်ဆေးတက္ကသိုလ်  ပါမောက္ခချုပ် က အဖွင့်အမှာစကားပြောကြားပြီး  အကြိုအလုပ်ရုံ ဆွေးနွေးပွဲ (Pre-conference Workshop)ကို “AO PRINCIPlE OF FRACTURE FIXATION BASIC COURSE”  ခေါင်းစဉ်ဖြင့်ပြုလုပ်သည်။ ဆေးပညာ သင်ကြားရေးဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခများ၊ ဌာနမှူး များက  နံနက်ပိုင်းအစီအစဉ်တွင် ဦးဆောင် ဆွေးနွေးကြပြီး  နေ့လယ်ပိုင်းတွင် သင်တန်းသားများ က  အုပ်စုခွဲလေ့ကျင့်ခန်းပြုလုပ်ကာ  အုပ်စုအလိုက် Presentation များ တင်ပြကြသည်။

 


အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများအနေဖြင့် ဆေးပညာသင်ကြားရေးအတွက် အရေးကြီးအစိတ် အပိုင်းတစ်ရပ်ဖြစ်သည့်   AO PRINCIPLE OF FRACTURE FIXATION နှင့် စပ်လျဉ်းပြီး အသိအမြင် ဗဟုသုတနှင့်ကျွမ်းကျင်မှုများကို မိမိတို့ သက်ဆိုင် ရာနယ်ပယ်အသီးသီးတွင် ထိရောက်စွာအကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 


ထို့ပြင်  တပ်မတော်ဆေးတက္ကသိုလ် Theatre ခန်းမ၌     “IMPLEMENTING    APPROPRIATE STANDARD SETTING IN DSMA” ခေါင်းစဉ်ဖြင့် မေ ၆ ရက်တွင်   ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။  ၎င်းအပြင် (၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်   ဆေးပညာရပ်ဆိုင်ရာ  နှီးနှော ဖလှယ်ပွဲကို နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံ မြို့နယ်ရှိ  တပ်မတော်အရိုးရောဂါ  အထူးကုဆေးရုံ ကြီး(ခုတင်-၅၀၀) တို့၌ မေ ၉ ရက်မှ ၁၁ ရက်အထိ Hybird စနစ်ဖြင့်   ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်နှင့်ရန်ကုန်ရှိ    တပ်မတော်ဆေးရုံ/ဆေးတပ်များမှ      လူကိုယ်တိုင်တက်ရောက်၍ လည်းကောင်း၊   အခြားတပ်မတော်   ဆေးရုံ/ဆေးတပ်များမှ  Online   စနစ်ဖြင့်လည်းကောင်း ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း    သတင်းရရှိ သည်။                                              

သတင်းစဉ်