နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)တွင် အမှာစကားပြောကြား

 

တိုင်းပြည်၏ ဘဏ္ဍာငွေတိုးတက်ရရှိမှသာ နိုင်ငံ့ဝန်ထမ်းများအတွက်  လိုအပ်သောထောက်ပံ့မှု၊   
ပံ့ပိုးမှုများနှင့် တိုင်းပြည်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်

 

နေပြည်တော်      မေ    ၅ 


ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌  ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်  တက်ရောက်အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့     ပြည်ထောင်စုအစိုးရအဖွဲ့ဝင်    ပြည်ထောင်စုဝန်ကြီးများ  တက်ရောက်ကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video  Conferencing  ဖြင့် တက်ရောက်ကြသည်။ 

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့်ကာလတိုအတွင်း ဖြစ်သင့်ဖြစ်ထိုက် သည်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တိမ်းစောင်းလျက်ရှိသည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့်နယ်ပယ်များကို ပြန်လည်တည့်မတ် အောင်   ဆောင်ရွက်၍   ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်      ပြန်လည် လျှောက်လှမ်းနိုင်ရေး         ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း။

 


အခက်အခဲများဖြစ်ပေါ်ခဲ့မှုနှင့် ဖြေရှင်းဆောင်ရွက်ခဲ့မှု


 ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးအရ အခက်အခဲနှင့် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့်လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ ပြည်တွင်းလက်နက် ကိုင်များကိစ္စ အခက်အခဲများလည်း  ဖြစ်ပေါ်လာသဖြင့် အကျပ်အတည်း   ၃   ခုကို   ရင်ဆိုင်ဆောင်ရွက်ခဲ့ရ ကြောင်း၊ သို့ရာတွင်  မိမိတို့နိုင်ငံကို  ကောင်းမွန်စေ လိုသည့်စိတ်မွေး၍   ပြည်သူလူထုနှင့်  အစိုးရအဖွဲ့ အဆင့်ဆင့်မှ   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့မှုများ ကြောင့်  အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီး လက်ရှိ အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ မြန်မာ ပြည်သူလူထု၏ ကူညီလိုသည့်စိတ်၊ လှူဒါန်းလိုသည့် စိတ်နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်များကြောင့် ကိုဗစ် - ၁၉ ဆိုင်ရာ အခက်အခဲများကို အောင်မြင်စွာ ဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ အလားတူ နိုင်ငံရေး အကျပ်အတည်း၊ လုံခြုံရေးဆိုင်ရာ အကျပ်အတည်း နှင့် ကိုဗစ် -၁၉ ဆိုင်ရာ အကျပ်အတည်းများအကြားမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်း များ အောင်မြင်အောင်  ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ ပြည်သူများ၏ ဆောင် ရွက်မှုနှင့် ဒေသအလိုက်    တာဝန်ရှိသူအဆင့်ဆင့်၏ ဆောင်ရွက်ခဲ့မှုများကြောင့်ဖြစ်ကြောင်း၊   အစိုးရနှင့် ပြည်သူလူထု    အခက်အခဲဖြစ်ပေါ်စေရန်အတွက် ငွေကြေးသုံး၍  လက်နက်၊   ခဲယမ်း၊  မိုင်း၊  ရိက္ခာ၊ ဆေးဝါးကူညီ     ဆောင်ရွက်နေသူများကိုလည်း ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း။

 


နိုင်ငံသားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ဒီမိုကရေစီအခွင့်အရေး


မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားအားလုံးတွင် ဒီမိုကရေစီအခွင့်အရေးများရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည်လည်း နိုင်ငံသား ဖြစ်သည့်အတွက် ဒီမိုကရေစီအခွင့်အရေးရှိသော် လည်း နိုင်ငံတကာအတွေ့အကြုံများ၊ မိမိတို့နိုင်ငံ၏ အတွေ့အကြုံများနှင့်    ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ကြောင်း၊  နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  မိမိတို့ တာဝန်အလျောက် တာဝန်ထမ်းဆောင်၍ ပြည်သူ များအနေဖြင့်လည်း       ပြည်သူတစ်ဦးအနေဖြင့်  တိကျစွာ  လိုက်နာနေထိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရား    ကောင်းမွန်လာ မည်ဟု ယုံကြည်ကြောင်း၊   ဝန်ကြီးဌာနများအနေဖြင့် ပြည်သူလူထုမှ      ဒီမိုကရေစီအခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ လုပ်ငန်းများဆောင်ရွက် နိုင်ရေး ဦးဆောင်မှုပေးကြရန်လိုကြောင်း။

 


ပြည်တွင်း၌ PDF အမည်ခံ အကြမ်းဖက်သမား များက အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက် နေမှုနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ပါဝင်ပတ်သက်နေမှု


အကြမ်းဖက်ကိစ္စများတွင် NUG မှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ပြည်တွင်းပြည်ပရှိ အကြမ်းဖက်မှုကိုလိုလားသော အဖွဲ့အစည်းများ၏ အားပေးအားမြှောက်ပြုခြင်းကြောင့်   အကြမ်းဖက် လုပ်ရပ်များ      ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ပြည်တွင်းအဖွဲ့အစည်းများတွင် NCA ကို ချိုးဖောက် ကာ ကျင့်ဝတ်များကို လိုက်နာမှုမရှိသည့် အချို့ EAO များပါဝင်သည်ကို   တွေ့ရှိရကြောင်း၊  ၎င်းတို့၏ လုပ်ရပ်များကြောင့် နိုင်ငံအတွင်း ဆူပူဆန္ဒပြမှုများမှ တစ်ဆင့် အကြမ်းဖက်မှုအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဆန္ဒပြမှုနှင့် ဆူပူမှုများ ရှိသော်လည်း မိမိတို့နိုင်ငံတွင်  အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်ခဲ့ကာ ယင်းဖြစ်စဉ်များမှာ အချို့ EAO များနှင့် ပြည်ပအဖွဲ့အစည်းများကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး အကြမ်းဖက်သတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများကို PDF အကြမ်းဖက်များ က လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ အချို့သောအဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များက   PDF   အမည်ခံ အကြမ်းဖက်အဖွဲ့များအတွက်            လိုအပ်သည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်   လက်နက် ခဲယမ်းမီးကျောက်များကို    ထောက်ပံ့နေသည်ကို တွေ့ရှိရပြီး    အချို့ကို   ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊    နိုင်ငံရေးဖြစ်စဉ်ကို အသုံးချ၍ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး  လုံခြုံရေး၊  တည်ငြိမ်အေးချမ်းရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ အချို့အဖွဲ့အစည်းများသည် အကြမ်းဖက် မှုကို   လက်ခံမှုမရှိသည်ကို  တွေ့ရှိရကြောင်းဖြင့် ပြောကြားသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်လျက်ရှိသည့်          အခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် “ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၂  ရက်နေ့က  စိန်ရတုပြည်ထောင်စုနေ့ ဖြစ်ပါ တယ်။     စိန်ရတုပြည်ထောင်စုနေ့ကနေပြီးတော့ လာမယ့်    ဇန်နဝါရီ   ၄   ရက်ဆိုရင်   စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်လာပြီ။ ၁၉၄၇ က စာချုပ်ချုပ် ခဲ့တဲ့ ပင်လုံစာချုပ်အရဖြစ်လာတဲ့ ပြည်ထောင်စုနေ့။ ဒီအပေါ်မှာ    အဓိပ္ပာယ်အမျိုးမျိုး  ဖွဲ့ဆိုပြီးတော့မှ တောင်းဆိုချက်အမျိုးမျိုးကြောင့်    ဖြစ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဟာ ၇၅ နှစ်တာ ကာလ ရောက်လာပြီ။ ဒီလိုပဲ ၁၉၄၈ ခုနှစ် လွတ်လပ် ရေးရပြီးတဲ့အချိန်မှာ။ စတာတော့ နိုင်ငံရေးသဘော ထားကွဲလွဲမှု၊ ဒါကွန်မြူနစ်ကနေပြီးတော့ လွတ်လပ် ရေးဆိုတာ  တိုက်မှရတယ်ဆိုတာ။  အဲဒါကနေပြီး တော့ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ တောခိုတာ က စပြီးတော့ ကွန်မြူနစ်လက်နက်ကိုင်ပဋိပက္ခကနေ စခဲ့တာသည် ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခ တွေဖြစ်လာခဲ့တာ။ အဲဒီမှာ နောက်တစ်ခါ တိုင်းရင်း သားရေးရာ   အခြေအနေတွေ  ဆိုးလာတဲ့အခါမှာ နောက်ဆုံး   တပ်မတော်မှာရှိတဲ့  အဖွဲ့အစည်းတွေ တောင်မှ တချို့တောခိုတဲ့အဆင့် ရောက်လာတယ်။ တာဝန်ရှိတဲ့သူတွေ ကျွန်တော်တို့ အနားပေးခဲ့ရတာ တွေ ရှိပါတယ်။ အဲဒီရဲ့ ဇာစ်မြစ်က ခုထိ ကျွန်တော်တို့ အကင်း   မသေသေးပါဘူး၊  ဒါကို  ကျွန်တော်တို့က ဖြေရှင်းနိုင်ဖို့အတွက်    ခေတ်အဆက်ဆက်လည်း ကြိုးစားခဲ့တယ်။   ဦးနု  သူနိုင်ငံရေးတာဝန်ယူတဲ့ အချိန်မှာလည်း       ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေ လုပ်ခဲ့တာတွေရှိတယ်။ အောင်မြင်တာတွေရှိသလို၊ မအောင်မြင်တာတွေလည်းရှိတယ်။ လူတွေ ထောင်နဲ့ ချီပြီး လက်နက်စွန့်လွှတ်ခဲ့တာတွေလည်းရှိတယ်။ ဒါတွေကို မှတ်တမ်းထဲမှာ ပြန်ကြည့်လို့ရှိရင် တွေ့ပါ လိမ့်မယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီး နေဝင်းတို့ တာဝန် ယူတဲ့ အချိန်မှာလည်း ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာ ထင်ရှားတဲ့၊ သမိုင်းမှာ ပုံလေး တစ်ပုံ ရှိပါတယ်။ သူတို့ “ကျောခိုင်းသွားကြလေပြီ” ဆိုတဲ့ ပုံလေးနဲ့ ပေါက်ခေါင်းဘက်မှာ ဗကပတွေ ချောင်းကိုဖြတ်ပြီး ပြန်ထွက်သွားတဲ့ပုံက သမိုင်းမှာ အင်မတန်ထင်ရှားတဲ့    သာဓကတစ်ခုဖြစ်ခဲ့တယ်။ အဲဒီတော့ မူဆိုးစောဟန်သာမွှေး ဦးဆောင်တဲ့ KNC အဖွဲ့နဲ့ပဲ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ တော်လှန်ရေးကောင်စီ၊ ပြီးလို့ရှိရင် ကျွန်တော်တို့ လမ်းစဉ်ပါတီခေတ်မှာလည်း ဦးနေဝင်းတို့ ငြိမ်းချမ်း ရေးနဲ့   ပတ်သက်ပြီး   အများကြီးကမ်းလှမ်းခဲ့တာ ရှိတယ်။ မအောင်မြင်ခဲ့ပါဘူး။ တပ်မတော်အစိုးရ တက်တဲ့အချိန်မှာတော့  ၁၉၈၉ မှာ ကျွန်တော်တို့က တစ်နိုင်ငံလုံး     တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့    ငြိမ်းချမ်းရေးအနေနဲ့   ပစ်ခတ် တိုက်ခိုက်မှုကို ရပ်လိုက်တယ်။ စာချုပ်မချုပ်နိုင်ဘူး၊ Gentlemen aggrement တွေပဲ ယူခဲ့တာ။ UWSA “ဝ”အဖွဲ့တို့  မိုင်းလားအဖွဲ့တို့၊  ဟိုဘက်က ဦးစခုံ တိန့်ယိမ်းတို့ အထူးဒေသ ၁ တို့၊ ၂ တို့၊ ၃ တို့ ဒါတွေ အများကြီးရှိခဲ့တယ်။

 

ငြိမ်းချမ်းရေးစာချုပ် မချုပ်နိုင်ခဲ့ ဘူး၊ ဒီဘက်ခေတ်  ၂၀၁၅ ခုနှစ်မှာ၊ ဦးသိန်းစိန်တို့ လက်ထက်မှာ NCA စာချုပ်ချုပ်တဲ့ အထိ   ကျွန်တော် တို့   ရောက်လာခဲ့တယ်။  လုံးလုံးလျားလျားပြီးလား ဆိုတော့ မပြီးပါဘူး။ ၂၀၁၆  ကနေပြီးတော့  ၂၀၂၀ အထိမှာ        ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု)ပင်လုံ လုပ်ခဲ့ပါတယ်။ လာမယ့် လွတ်လပ် ရေးနေ့ဟာ   စိန်ရတုဖြစ်လာပြီ၊  ကျွန်တာ်တို့  ခုထိ တိုင်းပြည်လည်း မငြိမ်းချမ်းဘူး၊ ဒီမိုကရေစီအခွင့် အရေးကလည်း မခံစားရဘူး၊ လွတ်လပ်ရေးရဲ့ အသီး အပွင့်လည်း   မခံစားရဘူး၊   ဒီလိုဖြစ်တဲ့အချိန်မှာ ဒါကြောင့်    ကျွန်တော်  ဒီနှစ်ကို  ငြိမ်းချမ်းရေးနှစ် ရအောင် ကြိုးစားကြည့်မယ်ဆိုပြီးတော့ မနှစ်ကစပြီး ပြောခဲ့ပါတယ်။   ဒီနှစ်မှာလည်း  ပြီးခဲ့တဲ့  ဧပြီလ ၂၂ ရက်နေ့က ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေ ကျွန်တော် ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးတစ်ခု ဖိတ်ခေါ်လိုက်ပြီဆိုလို့ရှိရင် သူတို့ တိုင်ပင်ပါရစေဦး၊ ဟိုလူက တစ်မျိုး၊ ဒီလူက တစ်မျိုးနဲ့ပေါ့၊ အဖွဲ့အစည်း အတွင်းမှာလည်း   အမျိုးမျိုးပေါ့၊ ခေါင်းဆောင်က တစ်မျိုး၊ အဖွဲ့ဝင်ကတစ်မျိုး၊ ဒီလို ဖြစ်နေကြတယ်။ တချို့ကျတော့လည်း  လက်ခံတဲ့အဖွဲ့အစည်းလည်း ရှိပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်သူ့သတင်းပို့ဖို့ လိုပါသေးတယ်။ ဘယ်ကော်မတီ ရဲ့ ဆုံးဖြတ်ချက်ရှိဖို့  လိုပါသေးတယ်  စသည်ဖြင့် ဒီလိုမျိုး  မျိုးစုံရှိနေတော့၊    ရိုးရိုးရှင်းရှင်းလေးပဲ ခင်ဗျားတို့  ကျွန်တော်  ငြိမ်းချမ်း ရေးဖိတ်ခေါ်တယ်။   ခေါင်းဆောင်တွေကိုယ်တိုင်၊   အဖွဲ့အစည်းများရဲ့   ခေါင်းဆောင်တွေကိုယ်တိုင် ကျွန်တော်တွေ့ပါမယ်၊   တစ်ဖွဲ့ချင်း    ကျွန်တော် တွေ့မယ်၊ ခေါင်းဆောင်တွေကိုယ်တိုင် တစ်ဖွဲ့ချင်း တွေ့ပါမယ်။ အဲဒီခေါင်းဆောင်တွေ   လာတဲ့အခါမှာ လည်း   တိုင်ပင်လို့ရအောင် အဖွဲ့ဝင်နှစ်ယောက်နဲ့ လာခဲ့ပါ။  ပထမဦးဆုံး    ကျွန်တော်  စတွေ့မယ်၊  တွေ့ပြီးလို့ရှိရင် ကျွန်တော်က နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ အဖွဲ့ဝင် ၃ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွေနဲ့  တစ်ဖွဲ့ချင်း ဆွေးနွေးမယ်။ တစ်ဖွဲ့ချင်းဆွေးနွေးပြီး အဲဒီအပေါ်မှာ ရအောင်     ကျွန်တော်တို့      ရှင်းလင်းပြောမှာပေါ့။  

 


သူတို့လိုချင်တာကိုလည်း    ကျွန်တော်တို့    တတ်နိုင် သလောက်   ညှိနှိုင်းဆောင်ရွက်မှာပါ။  ဒါကတော့ တစ်ဖက်တည်းကနေပြီးတော့  တင်းနေလို့မရပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့    ညှိနှိုင်းဖြေရှင်းရမှာပါ။  သို့သော် လည်းပဲ ကျွန်တော်တို့သည် တစ်အချက်က ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာတော့ ကျွန်တော်တို့ က ဖြစ်အောင်သွားရမယ်။ ကျွန်တော်တို့သွားချင်တာ   ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ ဒီမိုကရေစီနိုင်ငံတော်   သွားချင်တာ။  ဒါပြည်သူတစ်ရပ်လုံးက  လိုချင်တဲ့ ဆန္ဒပဲ။ 

 


အဲဒီတော့ ပြန်ကြည့်လို့ရှိရင်လည်း ကျွန်တော်တို့ အုပ်ချုပ်မှုပုံစံသည် ဆင့်ကဲဆင့်ကဲအုပ်ချုပ်မှု၊ ခွဲဝေ ပေးတဲ့ အုပ်ချုပ်မှုစနစ် ပုံစံမျိုးနီးပါးပဲ လုပ်တာကို ကျွန်တော်တို့ တွေ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ က မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ဖက်ဒရယ်အုပ်ချုပ်မှု စနစ်ကိုသွားတာ       ပိုကောင်းလိမ့်မယ်ဆိုတာကို ဖော်ထုတ်လို့ရတယ်။   ဒါကြောင့်  ကျွန်တော်တို့က ဒါတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေ သေချာနားလည်အောင် ရှင်းလင်းပြပြီးလို့ရှိရင် သူတို့   ဘယ်လိုဖြစ်ချင်တာလဲ၊  ကျွန်တော်တို့က ဘယ်လို၊     တိုင်းပြည်အခြေအနေ   ဒီလိုရှိတယ်၊ ရှင်းလင်းကြမယ်၊   တွေ့ကြမယ်။  သူတို့ ပြောတာ ကျွန်တော်နားထောင်ပါ့မယ် အကုန်လုံး၊ နားထောင် ပြီးရင်လည်း ဖြစ်သင့်ဖြစ်ထိုက်တာကို ဆန္ဒနဲ့ ဘဝနဲ့ ဒီလိုပြန်ပြီးတော့ ကြည့်ရမယ်။ ဒါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး။ ဒါကြောင့် ကျွန်တော်ကမ်းလှမ်းထားတာရှိပါတယ်။”ဟု ပြောကြားသည်။

 


တိုင်းပြည်တိုးတက်အောင်
ဆောင်ရွက်နေရန်လိုအပ်မှု


ဆက်လက်၍   ကမ္ဘာကြီး၏     တိုးတက်မှုသည်   (Moving Forward) ဖြင့် သွားနေခြင်းဖြစ်ပြီး မိမိတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်       အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံအချို့တွင် ပြည်တွင်း ကုန်ထုတ်လုပ်မှုများ ကျဆင်းခဲ့သော်လည်း မိမိတို့ နိုင်ငံအနေဖြင့်   စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများဖြင့် ထုတ်ကုန်များကို တိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက်  အစိုးရအဖွဲ့မှ   အကောင်အထည်ဖော်   ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများရရှိပြီး   ဝင်ငွေရှိစေရေး အတွက် ရှိပြီးသား  မြေပေါ်မြေအောက်သယံဇာတ များနှင့်   လူသားအရင်းအမြစ်များကို  ထိထိရောက် ရောက်  အသုံးချရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရန်အတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို   အခြေခံဆောင်ရွက်ပြီး    တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍    ပြည်တွင်း ပြည်ပ   ဈေးကွက်များတွင်    ရောင်းချနိုင်ရန်လိုကြောင်း၊      စိုက်ပျိုးမွေးမြူရေး လုပ်ငန်းသည်   မိမိတို့နိုင်ငံ၏   အခြေခံကုန်ထုတ် လုပ်မှုလုပ်ငန်းပင်ဖြစ်သဖြင့်   အောင်မြင်ဖြစ်ထွန်း အောင် ဆောင်ရွက်ကြရန်လိုကြောင်း။

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် 
လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရန် လိုအပ်မှု


နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်ပြီး ယခင်နှစ်များတွင် သာမက ယခုနှစ်တွင်လည်း လျှပ်စစ်လိုအပ်ချက်များ ရှိခဲ့ကြောင်း၊ အဓိကအားဖြင့် သွင်းအားစုများဖြစ်သည့် ဒီဇယ်၊ ကျောက်မီးသွေးနှင့် ဓာတ်ငွေ့များ ရှားပါးခြင်း နှင့် ဈေးနှုန်းမြင့်တက်လာမှုများကြောင့် ဖြစ်ကြောင်း၊ အဆိုပါ အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့အနေဖြင့်         ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊  ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် စက်သုံးဆီသုံးစွဲမှုလျှော့ချရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာ နှစ်တွင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြ  ရမည်ဖြစ်ကြောင်း။

 


လုပ်ငန်းများတိုးတက်အောင်
ဆောင်ရွက်ရန် လိုအပ်မှု


မိမိတို့နိုင်ငံတွင်      အလုပ်အကိုင်အခွင့်အလမ်း များစွာရှိသော်လည်း       လုပ်ငန်းများအပြည့်အဝ ဆောင်ရွက်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ နိုင်ငံတွင် အသားတင်စိုက်ဧက ၃၃ သန်းကျော်ရှိသော် လည်း    သီးထပ်သီးနှံစိုက်ပျိုးခြင်း   နည်းပါးပြီး တစ်ရာသီသာစိုက်ပျိုးသည့် မြေဧကများပိုမိုများပြား ကြောင်း၊ မြေသယံဇာတများကို သီးထပ်သီးနှံများ စိုက်ပျိုးနိုင်မည်ဆိုပါက ထုတ်ကုန်နှစ်ဆ တိုးတက် လာမည်ဖြစ်ကြောင်း၊ အဓိကသီးနှံဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများကို      စိုက်ပျိုးနိုင်ရန် လိုကြောင်း၊ တစ်ရာသီသာစိုက်ပျိုးသည့် မြေနေရာ များတွင်   ဆီထွက်သီးနှံများကို  သီးထပ်အနေဖြင့် စိုက်ပျိုးနိုင်မည်ဆိုပါက   ပြည်တွင်းဆီလိုအပ်မှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပြီး   ပြည်ပမှ ဆီတင်သွင်းမှုများကို  လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးအတွက်လိုအပ်သည့် ရေနှင့် သွင်းအားစု များရရှိအောင်လည်း       ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊    စိုက်ပျိုးရေးကို  အခြေခံသည့်  အချို့ ထုတ်ကုန်ပစ္စည်းများသည် တိရစ္ဆာန်အစားအစာများ ပြန်လည်ရရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ  အပြန်အလှန်  အကျိုးပြုမည်ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာမည် ဖြစ်ကြောင်း။

 


ပြည်တွင်း၌အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရန်လိုအပ်မှု


မိမိတို့နိုင်ငံ၌    ၂၀၁၉    ခုနှစ်တွင်  ကောက်ယူ ခဲ့သော သန်းခေါင်စာရင်းအရ အမျိုးသမီးလူဦးရေ သည် တစ်နိုင်ငံလုံးလူဦးရေ၏ ၅၃ ရာခိုင်နှုန်းရှိပြီး ၈၀ ရာခိုင်နှုန်းခန့်သည် မှီခိုများဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ အမျိုးသားများတွင်လည်း စိုက်ပျိုးရာသီချိန် ပြင်ပ၌  အခြားလုပ်ငန်းဆောင်ရွက်သူများ နည်းပါး သည့်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံး လျက်ရှိကြောင်း၊ ၎င်းတို့အတွက် အလုပ်အကိုင်အခွင့် အလမ်းများရရှိရေး     အစိုးရမှ   ဖန်တီးပေးနိုင်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် တက္ကသိုလ်မှ ဘွဲ့ရပြီးသူ ၃ သန်းခန့်ရှိကြောင်း၊ အဆိုပါတက္ကသိုလ်ဘွဲ့ရပြီးသူများအနေဖြင့်      ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အလယ်အလတ် လုပ်ငန်းများတွင် တတ်မြောက်ထား သည့် ပညာနှင့်လျော်ညီစွာ ပါဝင်ဆောင်ရွက်နိုင်ရန် လိုကြောင်း၊  ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို  နိုင်ငံ အနှံ့အပြား၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်လိုကြောင်း၊   ပြည်တွင်း၌  အလုပ်အကိုင်အခွင့် အလမ်းများ   များပြားလာမည်ဆိုပါက  ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများ နည်းပါးသွားမည်ဖြစ်ပြီး နိုင်ငံအတွက် လုပ်အားဆုံးရှုံးမှုများ နည်းပါးသွားမည် ဖြစ်ကြောင်း၊      လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံမှစ၍ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအနေဖြင့်      ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်း။

 


ပြည်တွင်းစီးပွားရေးတိုးတက်အောင်
ဆောင်ရွက်ရန်အတွက် 
ပြည်တွင်းထုတ်လုပ်မှုများ မြှင့်တင်ရန်လိုအပ်မှု


မိမိတို့အနေဖြင့် ယခုအခါကုန်သွယ်မှုပိုငွေပြနေသည်မှာ ၉ လရှိပြီဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တွင် ပြည်တွင်း၌ထုတ်လုပ်မှုထက် ပြည်ပမှ တင်သွင်း မှုများကို ဦးစားပေးဆောင်ရွက်ခဲ့မှုအတွက် ကုန်သွယ် မှု လိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ၌  စားကုန်၊  သောက်ကုန်နှင့် သုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက် သည့်   ဝင်ငွေများရရှိရေး၊  အခွန်အခများအားလုံး မှန်မှန်ကန်ကန်ရရှိရေး၊       နိုင်ငံပိုင်လုပ်ငန်းများ အောင်မြင်မှုရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတော်မှ    ထိုက်သင့်သည့်   ဝင်ငွေများရှိမှသာ ပြည်သူများ၏ အကျိုးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့် ဝင်ငွေနှင့်ထွက်ငွေ မျှတအောင် ဆောင်ရွက် ရန်လည်းလိုကြောင်း၊ ပြောင်းလဲနေသည့် ခေတ်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ပြည်သူများ၏ လူနေမှုစနစ်များ မြှင့်တင်နိုင်ရေးအတွက် လိုအပ် သည့် ဘိလပ်မြေများနှင့် သံမဏိများ ပြည်တွင်း၌ လုံလောက်စွာ      ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခုတွင် ဘိလပ်မြေနှင့် သံမဏိများထုတ်လုပ်နိုင်သည့် အခြေခံကုန်ကြမ်းများ များစွာရှိသဖြင့် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ် နိုင်ရေး   တိုင်းရင်းသားလုပ်ငန်းရှင်များဖြင့်   ရင်းနှီး မြှုပ်နှံ ဆောင်ရွက်နိုင်ရန် အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ပမှ တင်သွင်းမှုများ လျှော့ချနိုင်ပြီး ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သဖြင့် လူနေမှုစနစ်များ  ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ အလားတူ သွပ်ပြားထုတ်လုပ်မှုကိုလည်း ပြည်တွင်း၌ ဆောင်ရွက်၍ ရနိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပြည်တွင်း၌   လိုအပ်သည့်   ကော်စေ့၊  ရော်ဘာနှင့် ကတ္တရာကဲ့သို့ ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ် နိုင်ရန်လိုကြောင်း၊    မြန်မာနိုင်ငံနှင့်  ကိုက်ညီသည့် စက်မှုလုပ်ငန်းများ     ဆောင်ရွက်၍   ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များကို          အားပေးဆောင်ရွက်ရန် လိုကြောင်း၊ အစိုးရတစ်ရပ်သည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်   တာဝန်ရှိသဖြင့်   ချင့်ချိန် ဆောင်ရွက်ကြရန် လိုကြောင်း။

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် 
ပညာတတ်များ ပေါကြွယ်ဝရန်လိုအပ်မှု


အခြေခံပညာကျောင်းများ အောင်စာရင်းထွက် ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းသည်လည်း သတ်မှတ်ကာလအတွင်း     ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊     ထို့ပြင်    သတ်မှတ်ကာလအတွင်း အဆင့်မြင့်နှင့်   အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး       လာမည့်ပညာသင်နှစ် အတွင်း ပညာရေးကို အားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊    မိမိတို့နိုင်ငံသည်   ပညာရေးအရ အားနည်းခဲ့သည်များရှိကြောင်း၊  မိမိတို့နိုင်ငံလူဦးရေ ၏  တစ်ဝက်နီးပါးခန့်သည်    ပညာရေးအားနည်း လျက်ရှိသည်ကို  တွေ့ရှိရကြောင်း၊   ပညာတတ်များ ပေါကြွယ်ဝမှသာ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ   အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေ ဖြင့် ပညာသင်ကြားမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ များစွာပြုလုပ်ထားကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးဝန်ကြီး ဌာနသာမက အခြားဝန်ကြီးဌာနများမှလည်း ဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက်ကြရန်လိုကြောင်း။

 


လုပ်ငန်းများအောင်မြင်စေရေး ဆောင်ရွက်ရန်လိုအပ်မှု


လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက်   လူမှု ဆက်ဆံရေးသည် အရေးကြီးကြောင်း၊ တိုင်းပြည်နှင့် ပြည်သူကို ကိုယ်စားပြုသည့် အစိုးရတစ်ရပ်အဖြစ် ခံယူ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင် ရွက်ရန်လိုကြောင်း၊ အဆင့်ဆင့်သော အစိုးရဝန်ထမ်း များ   ပြည်သူ့ဆက်ဆံရေး  ကောင်းမွန်ရန်အတွက် ကြပ်မတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊  လုပ်ငန်း များ အောင်မြင်မှုရရှိရေး မိမိလက်အောက်မှ လိုက်ပါ ပူးပေါင်းဆောင်ရွက်နိုင်ရန်        ကောင်းမွန်သည့် ခေါင်းဆောင်မှုပေးနိုင်ရန်   လိုသကဲ့သို့  တည်တည် ကြည်ကြည်ဖြင့်   ပြောဆိုလုပ်ကိုင်ဆောင်ရွက်ရန် လိုကြောင်း၊  အလားတူ  လုပ်ငန်းများဆောင်ရွက် ရာတွင် အခက်အခဲများ မဖြစ်ပေါ်စေရေး ကိန်းဂဏန်း များ မှန်ကန်မှုရှိရန် လိုအပ်ကြောင်း၊ ပြည်သူများကို အသိပေးသင့်သည့် အချက်အလက်များကို မှန်မှန် ကန်ကန်ဖြင့်   ထုတ်ပြန်ပေးရန်နှင့်  အစိုးရအဖွဲ့သို့ တင်ပြရာတွင်လည်း ကိန်းဂဏန်းများ မှန်ကန်မှုရှိရန် နှင့် အချက်အလက်များ မှန်ကန်မှုရှိရန် အရေးကြီး ကြောင်း၊   ကိန်းဂဏန်းနှင့်  အချက်အလက်များ မှန်ကန်မှုရှိမှသာ မိမိတို့အစိုးရ၏ လုပ်ငန်းအောင်မြင်မှု အတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်       ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက်    လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။ 
ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်က    နိဂုံးချုပ်အမှာစကား ပြောကြားရာတွင်  နိုင်ငံ၏အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် ရေရှည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားစိတ်ဓာတ်သည် တိုင်းချစ်ပြည်ချစ်စိတ်ကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကို ကာကွယ် လိုသည့်စိတ်   ဖြစ်ပေါ်စေမည်    ဖြစ်သည့်အတွက် အားကစားကဏ္ဍကို          အားပေးဆောင်ရွက်ရန် လိုကြောင်း၊ သို့ဖြစ်၍မိမိအနေဖြင့်  ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့်   အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲ များသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေး စင် အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲသို့   တက်ရောက်ပြီး   ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း၊       နိုင်ငံတကာပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်သည့်   နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပြန်လည်ရောက်ရှိချိန်တွင် ထိထိ ရောက်ရောက်    ချီးမြှင့်သွားရန်  လိုအပ်ကြောင်း၊ အားကစားအောင်နိုင်ရေးအတွက်   လေ့ကျင့်ခြင်း သည် နိုင်ငံတော်၏ အလုပ်တာဝန်ကို ထမ်းဆောင် နေခြင်းပင်ဖြစ်သည့်အတွက်     တာဝန်ရှိသူများက အသိအမှတ်ပြုနေရာပေးရန်     လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်      နိုင်ငံ့လက်ရွေးစင် အားကစားသမားများဘဝ    အာမခံချက်ရှိစေရေး အတွက်   စဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊  အားကစားကဏ္ဍအောင်မြင်ရေးအတွက် အားကစား သမားများ၏စိတ်ဓာတ်ကို   မြှင့်တင်ပေးရမည်ဖြစ် ကြောင်း၊  နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်လာရေးအတွက်      တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၊       ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများကိုလည်း  ကျင်းပပြုလုပ်သွား ကြရန် လိုအပ်ကြောင်း။

 


လက်ရှိအချိန်တွင် လူငယ်လူရွယ်များအနေဖြင့် တိုင်းချစ် ပြည်ချစ်စိတ်၊ မျိုးချစ်စိတ် နည်းပါးနေသည် ကိုတွေ့ရကြောင်း၊   ပြည်ပနိုင်ငံများတွင်  ရောက်ရှိ နေသည့်  အချို့သော မြန်မာလူငယ်များ၊ အချို့သော ပြည်ပအခြေပြု မြန်မာအသိုက်အဝန်းများအနေဖြင့် တိုင်းချစ် ပြည်ချစ်စိတ်ကင်းမဲ့စွာဖြင့်  နိုင်ငံတော်၏ ပကတိအခြေအနေမှန်ကို   မသိရှိဘဲ   နိုင်ငံရပ်ခြားမှ နေ၍    တိုင်းပြည်ပျက်စီးအောင်    နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များအကြား      တိုင်းချစ်ပြည်ချစ်စိတ် ရှိရန်နှင့်  ထိုမှတစ်ဆင့်  မျိုးချစ်စိတ်ရှိရန်၊ မြန်မာ ဟူသည့်စိတ်ရှိရန် သင်ကြား၊ ဆွေးနွေး၊ လေ့ကျင့်ပေး ရန် လိုအပ်ကြောင်း။

 


သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တာဝန်ရှိအဖွဲ့ အစည်းများအနေဖြင့်   လူငယ်လူရွယ်များအတွက် အကျင့်စာရိတ္တမြင့်မားရေးနှင့်   ယဉ်ကျေးလိမ္မာမှု ရှိစေရေးအတွက်    ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး       ရုပ်မြင်သံကြား အစီအစဉ်များမှလည်း   ၃၈    ဖြာမင်္ဂလာ  ပညာပေး အစီအစဉ်များကို ထုတ်လွှင့်ပြသပေးလျက်ရှိကြောင်း၊ လူငယ်များ  တိုင်းချစ်   ပြည်ချစ်စိတ်၊    မျိုးချစ်စိတ် ရှိစေရေးအတွက် ဦးဆောင်ပုံဖော်သူများအနေဖြင့် လည်း        အမျိုးသားရေးစရိုက်လက္ခဏာများနှင့် ကိုက်ညီမှုရှိရန်    လိုအပ်ကြောင်း၊  ရုပ်ရှင်၊  ဂီတနှင့် ဖျော်ဖြေပွဲများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားရေး စရိုက်လက္ခဏာများကို    မထိခိုက်ဘဲ   တိုင်းချစ် ပြည်ချစ်စိတ်ရှိလာအောင် အသိပညာပေးနိုင်ရမည် ဖြစ်ကြောင်း။

 


နိုင်ငံတော်အနေဖြင့် မကြာမီကာလတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ  ကျင်းပသွားမည်ဖြစ်သည့် အတွက်   တာဝန်ရှိသူများအနေဖြင့်  ကဏ္ဍပေါင်းစုံမှ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးနှင့်  ပြိုင်ပွဲ များတွင် တရားမျှတမှုရှိအောင် ကြိုတင်စီမံဆောင် ရွက်ထားရှိရန် လိုအပ်ကြောင်း၊ လူငယ်များ တိုင်းချစ် ပြည်ချစ်စိတ်ထားရှိမွေးမြူလာရန်မှာ   တာဝန်ရှိသူ များ၏ သမာသမတ်ကျသည့် လုပ်ရပ်များအပေါ်တွင် မူတည်ပါကြောင်း။
မိမိအနေဖြင့်    ပြီးခဲ့သည့်   မြန်မာ့နှစ်သစ်ကူး အခါသမယတွင်    လွန်ခဲ့သည့်   ၇၅  နှစ်အတွင်း တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုး ဆောင် ရွက်ခဲ့ကြသည့် အလွှာပေါင်းစုံ၊ ဌာနပေါင်းစုံမှ ချီးမြှင့် သင့် ချီးမြှင့်ထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊  ထိုသို့ ဆောင်ရွက်ခြင်း သည့် နိုင်ငံတော်၏ သမိုင်းမှတ်တမ်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူ များကိုလည်း ၇၅ နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်   ဖိတ်ကြားဂုဏ်ပြုသွားမည်ဖြစ် ကြောင်း၊ အလားတူ ဝန်ကြီးဌာနအလိုက် နှစ်ပေါင်း များစွာ  စိတ်ရင်းစေတနာဖြင့်  ဌာနအကျိုးအတွက် ဆောင်ရွက်ခဲ့ကြသူများကိုလည်း ဂုဏ်ပြုချီးမြှင့်သွား ရန် လိုအပ်ကြောင်း။

 


နိုင်ငံတော်မှ  ရသင့်ရထိုက်သော ဝင်ငွေများရရှိစေ ရေးအတွက်   သက်ဆိုင်ရာ   ဝန်ကြီးဌာနအလိုက် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည် ၏ ဘဏ္ဍာငွေတိုးတက်ရရှိမှသာ နိုင်ငံ့ဝန်ထမ်းများ အတွက်    လိုအပ်သောထောက်ပံ့မှု၊   ပံ့ပိုးမှုများနှင့် တိုင်းပြည်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း    တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်