ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

 

နေပြည်တော်   မေ  ၄


ပြည်ထဲရေးဝန်ကြီးဌာန၊  တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ  ဆက်ကပ်လှူဒါန်းခြင်း ကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ   ဥတ္တရသီရိ မြို့နယ်ရှိ ဝဇီရာနန္ဒသုဗောဓာရုံကျောင်းတိုက် သို့လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ မဟာဂန္ဓာရုံ  (တိုက်သစ်)   ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး ကျောက်ကြီးမြို့နယ်ရှိ    ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်သို့   လည်းကောင်း၊ မကွေးတိုင်းဒေသကြီး   မကွေးမြို့နယ်ရှိ   ပုည ဝတီ ဓမ္မရိပ်သာသို့လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ ပုဗ္ဗာ ရုံကျောင်းတိုက်သို့လည်းကောင်း၊   မွန်ပြည် နယ်    ကျိုက်မရောမြို့နယ်ရှိ    ဘုရားနှစ်ဆူ တောင်ပေါ်ကျောင်းတိုက်သို့    လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်း ဆန်တော်များကို      တာဝန်ရှိသူများက  သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း  သိရသည်။                        

 

သတင်းစဉ်