
နေပြည်တော် မေ ၄
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ မေ ၄ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၁၄ မျိုး စုစုပေါင်း ၂၇၂၄၀ ဒသမ ၉၂ KG၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီ နှစ်ခုမှ Disposable Sterile Medical Cap ၅၁၀ KG ၊ Disposable Surgical Gown ၁၅၀ KG ၊ Isolation Shoe ၂၁၀ KG ၊ Isolation Mask ၃၉ ဒသမ ၆ KG ၊ Isolation Goggles ၁၀၀၀ ၊ Protective Mask ၄၈၃ KG ၊ Disposable Protective Clothing ၁၀၀၀၀ ၊ Pai Dexa Injection ၇၉၁၀၀ ၊ Disposable Syringe ၈၉၁၀ ၊ Scalp Vein Set ၂၁၆၀ ၊ Glucose And Sodiun Chloride Injection ၁၃၂၉၀ ၊ Mannitol Injection ၁၅၀၀ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်