
နေပြည်တော် မေ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မေ ၂ ရက် နံနက်ပိုင်းက ဝိုင်းမော်မြို့နယ် စမ်းခါး ကျေးရွာရှိ လုံယောင်း ကုမ္ပဏီက စိုက်ပျိုးထားရှိသည့် တစ်သျှူးငှက်ပျောစိုက်ခင်းများနှင့် ငှက်ပျောခိုင်များ ခုတ်သိမ်းထုပ်ပိုးနေမှုတို့ကို ကြည့်ရှုအားပေးကြ သည်။
ပြည်ထောင်စုဝန်ကြီးက ပြည်ပပို့ကုန်အဖြစ် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရာတွင် သက်ဆိုင်ရာ နိုင်ငံ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့် ညီညွတ်စေ ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ တရုတ် နိုင်ငံသို့ ငှက်ပျောတင်ပို့ရာတွင် သီးနှံအရည်အသွေး ကောင်းမွန်မှုတစ်ခုတည်းဖြင့် ဈေးကွက်သို့ ဝင်ရောက်၍မရနိုင်ဘဲ ဓာတ်ကြွင်းပါဝင်မှုကန့်သတ် ချက်နှင့် အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ် ချက်များကို တိကျပြည့်စုံစွာ လိုက်နာဆောင်ရွက်ကြမှ သာ ငှက်ပျောတင်ပို့ ခွင့်နှင့် ပတ်သက်သည့် နှစ်နိုင်ငံ သဘောတူစာချုပ်၏ အကျိုးကျေးဇူးကို ခံစားနိုင်ကြ မည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံမှ ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိရေး သဘောတူညီချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တို့ အကြား အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ် ရာ ပြည်တွင်းမှ တစ်သျှူးငှက်ပျောလုပ်ငန်းရှင်များ အနေဖြင့် တရားဝင် တင်ပို့ရောင်းချနိုင်လျက်ရှိ ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ငှက်ပျော တန်ချိန် ရှစ်သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၂၈ သန်းခန့် နိုင်ငံခြားဝင်ငွေရရှိခဲ့ ကြောင်း၊ ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူ များအသင်းကို ဖွဲ့စည်းထားရှိပြီး ငှက်ပျော၊ ပြောင်းဖူး၊ ရော်ဘာ၊ ငရုတ်နှင့် သီးနှံစုံစိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း၊ တရုတ်ကုန်သွယ်လမ်း အနီးတွင်ရှိသည့် ကချင်ပြည်နယ်တွင် တစ်သျှူး ငှက်ပျောကို အဓိကထား စိုက်ပျိုးထုတ်လုပ်လျက် ရှိကြောင်း၊ ငှက်ပျောစိုက်ပျိုးသူများ လိုက်နာ ဆောင်ရွက်ရမည့် အချက်များတွင် စိုက်ပျိုး ထုတ်လုပ်မည့် ဒေသနှင့် ခူးဆွတ်ရမည့်ကာလ အပါအဝင် ရိတ်သိမ်းချိန်လွန် ဆေးစီရင်ခြင်း နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းအတွက် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ စနစ်တကျသုံးစွဲခြင်းနှင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) စံချိန်စံနှုန်း နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ တင်ပို့သူများနှင့် စစ်ဆေးသူတို့ လိုက်နာ ဆောင်ရွက်ရမည့် အချက်များပါဝင်ကြောင်း၊ ဝန်ကြီး ဌာနက ငှက်ပျောတင်ပို့မည့် ရာသီမတိုင်မီ GACC သို့ပေးပို့နိုင်ရန်အတွက် ငှက်ပျောစိုက်ခင်းများနှင့် ထုပ်ပိုးရုံများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် မှတ်ပုံတင်ရန် လိုအပ် ကြောင်း သိရသည်။
သတင်းစဉ်