ဘူးသီးတောင်မြို့၌ အသက် ၁၇ နှစ်အောက် လူငယ်ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

 

ဘူးသီးတောင်    မေ   ၄
ရခိုင်ပြည်နယ်   ဘူးသီးတောင်မြို့၌  မြို့နယ်အား/ကာကော်မတီနှင့် မြို့နယ်ဘောလုံးဝါသနာရှင်( Old Star)အသင်းတို့ ပူးပေါင်းကျင်းပသည့် အသက်  ၁၇ နှစ်အောက် လူငယ်ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံး   (ဂိုးလတ်)ပြိုင်ပွဲကို  ယနေ့ညနေပိုင်းက  ဘူးသီးတောင်မြို့ မြို့မ အားကစားကွင်း ၌ စတင်ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားဝါသနာရှင်များအား ဘူးသီးတောင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးဒေါ်ဥမ္မာသန်းနှင့် တာဝန်ရှိသူများက အသက် ၁၇ နှစ်    ပြည့်၊  မပြည့်   စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး  အသက် ၁၇ နှစ်အောက် လူငယ် ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံး (ဂိုးလတ်) ပြိုင်ပွဲကို စတင်ကျင်းပ ခဲ့ကြသည်။
 ပြိုင်ပွဲတွင်   အသင်း  ၁၂ သင်းမှ   ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မေ  ၃ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိမည့်အသင်းများအား ဆုများပေးအပ်ချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကျင်းပပေးခြင်းဖြင့်   မျိုးဆက်သစ်လူငယ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် လူငယ်များ အားကစား ကို ပိုမိုစိတ်ပါဝင်စားလာစေရန်   ရည်ရွယ်၍   ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်  ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းမှ သိရသည်။    
  လှကျော်( ပြန်/ဆက်)