လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်-၁/၂၀၂၂ သင်တန်းဖွင့်ပွဲ ကျင်းပ 

 

 

နေပြည်တော်    မေ    ၂
လက်ထောက် စာရင်းစစ်မှူးများ    လုပ်ငန်းခွင်ဝင်     ကျွမ်းကျင်မှု    သင်တန်းအမှတ်စဉ် - ၁/၂၀၂၂ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထား သော စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ      ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ၌      ပြည် ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က       ယခု သင်တန်းကို      လုပ်ငန်းခွင်ဝင်   ဝန်ထမ်းသစ်များအနေဖြင့်  မိမိတို့ လုပ်ငန်း၏    သဘောသဘာဝ၊ လုပ်ငန်းတာဝန်များကို     သိရှိ နားလည်၍     စည်းကမ်းပြည့်ဝ ပြီး   နိုင်ငံတကာအဆင့်မီသည့် ပြည်သူ့   ဝန်ထမ်းကောင်းများ၊ စာရင်းစစ်ကောင်းများ    မွေးထုတ် ပေးနိုင်ရန်  ရည်ရွယ်၍   အလေး ထား   ဖွင့်လှစ်ပေးရခြင်းဖြစ်ပါ ကြောင်း၊    စစ်ဆေးရေးဝန်ထမ်း များသည်       နိုင်ငံ၏   စီးပွားရေး နှင့်    လူမှုရေးဆိုင်ရာ    အခြေခံ အဆောက်အအုံများကို   တည် ဆောက်  အကောင်အထည်ဖော်   ဆောင်ရွက်ရာတွင်   သုံးစွဲသည့်  ပြည်သူ့ဘဏ္ဍာငွေများကို  အမှန် တကယ် အကျိုးဖြစ်ထွန်းစေမှု ရှိ မရှိ၊ စီမံခန့်ခွဲရေးဆိုင်ရာ ထိရောက် မှု ရှိ မရှိနှင့် ရရှိမည့်ရငွေများကို ပြည့်ပြည့်ဝဝ  ကောက်ခံရရှိမှု   ရှိ မရှိတို့ကို    စိစစ်ကြီးကြပ်စစ်ဆေးရခြင်းဖြစ်ပါကြောင်း၊      ထိုသို့ စစ်ဆေးရာတွင်    တည်ဆဲဥပဒေ၊ နည်းဥပဒေ၊    လုပ်ထုံးလုပ်နည်း နှင့်     စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ ကျင့်ဝတ်များနှင့်အညီ   စစ်ဆေးရမည်ဖြစ်သဖြင့် အတတ် ပညာပိုင်းဆိုင်ရာ၊     အသိပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုအရည်အချင်း များ     ပြည့်ဝနေစေရန်  လိုအပ်ပါ ကြောင်း၊  သို့ပါ၍ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်     ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု   စာရင်းစစ်ချုပ် ဥပဒေ၊    မြန်မာနိုင်ငံ   စာရင်း ကောင်စီဥပဒေ၊    စာရင်းစစ်နှင့် စာရင်းကိုင်စံများ၊   နိုင်ငံတကာ စာရင်းစစ်စံများအပြင်     နိုင်ငံ့ ဝန်ထမ်းများ လိုက်နာရမည့်ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များကို     သိရှိနားလည်စေရန်နှင့်    လုပ်ငန်း ခွင် ကျွမ်းကျင်မှု၊   ထိတွေ့သင်ကြား မှုများ၊    လက်တွေ့ကွင်းဆင်းမှု များ    ရှိစေရန်     ယခုသင်တန်း တွင် ဆွေးနွေးသင်ကြားသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်    ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး  နေပြည်တော် သင်တန်းကျောင်း  ကျောင်းအုပ် က    သင်တန်းဆိုင်ရာ     အချက် အလက်များကို       ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ဘာသာ ရပ်များအနေဖြင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေ၊  စစ်ဆေး ရေး၊    အခြေခံစာရင်းကိုင်ပညာ၊     ဝန်ထမ်းစည်းမျဉ်း၊   ဘဏ္ဍာရေး စည်းမျဉ်း၊ ဦးစီးဌာနစာရင်းပညာ၊ စတို ပစ္စည်းစာရင်းထားနည်းနှင့်     အမှုတွဲထိန်းခြင်း ဘာသာရပ်များ အပြင်   စာရင်းစစ်ရုံးဝန်ထမ်းများ သိရှိလိုက်နာ  ဆောင်ရွက်ရမည့်      ကျင့်ဝတ်နှင့် စည်းကမ်းဖြစ်သည့်   ဆောင်ရန်၊  ရှောင်ရန်များကို  မေ ၂ ရက်မှ ၂၆ ရက်အထိ ရက်သတ္တ သုံးပတ်ကျော်    ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်းသိရသည်။         
သတင်းစဉ်