
နေပြည်တော် မေ ၂
တပ်မတော် (ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင်အလှူ ရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် မလေးရှားဝိုင်ကျေးရွာရှိ ရွှေမြယာကျောင်းတိုက်၊ သန်လျင် မြို့နယ် အလွမ်းဆွတ်ကျေးရွာရှိ မြို့ဦးစက်ပစ်ကွင်းကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့ မဟာရန်ကင်းတောင်ကျောင်း တိုက်၊ ဟိုင်းကြီးကျွန်းမြို့ မင်္ဂလာ အောင်မြေသုခ ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ် မြို့မစကားလှဘုန်းတော် ကြီးကျောင်းနှင့် မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မဟာသုန္ဒရာ ရာမကျောင်းတိုက် တို့မှ ဆရာတော်၊ သံဃာတော် များ၊ စာဖြေဌာနကြီးကြပ် ဆရာ တော်ကြီးများနှင့် သာသနာ့နွယ် ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို တိုင်းစစ်ဌာနချုပ် အသီး သီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်