တရုတ်နိုင်ငံက  မြန်မာနိုင်ငံသို့  ကိုဗစ် - ၁၉ ကာကွယ်ဆေး ၁၀ သန်း  ထပ်မံပံ့ပိုးမည်​

 

 

နေပြည်​တော်   မေ    ၂
အာဆီယံနိုင်ငံများသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်မံပံ့ပိုးကူညီပေးရန်  တရုတ်နိုင်ငံ၏  ကတိကဝတ် များကို  အကောင်အထည်ဖော်ရန်၊   မြန်မာနိုင်ငံ၏   ကပ်ရောဂါတိုက်ဖျက်ရေး     အောင်မြင်မှုများအတွက် ကူညီပံ့ပိုးရန်၊   မြန်မာပြည်သူများ၏    အသက်၊ ကျန်းမာရေး   ဘေးကင်းလုံခြုံစေရေးအတွက်    ပိုမို ကောင်းမွန်စွာ   ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် တရုတ်နိုင်ငံအစိုးရသည်   မြန်မာနိုင်ငံသို့   ထပ်မံ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး   ၁၀ သန်း   အခမဲ့ပံ့ပိုးပေး ရန်   ဆုံးဖြတ်ခဲ့​ကြောင်း  တရုတ်သံရုံးက    ဧပြီလ နောက်ဆုံးပတ်က သတင်းထုတ်ပြန်သည်။ 
ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကူညီ
ကိုဗစ်-၁၉   ရောဂါ    စတင်ဖြစ်ပွားချိန်မှစ၍   တရုတ်နိုင်ငံသည်   မြန်မာနိုင်ငံသို့   ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၁၁ ဒသမ ၁ သန်း အခမဲ့ပံ့ပိုးပေးခဲ့ပြီး မြန်မာနိုင်ငံအား သက်သာ သည့် ဈေးနှုန်းဖြင့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ သန်း ၃၀ ကျော် ဝယ်ယူ နိုင်ရန်   ကူညီပေးကာ  မြန်မာနိုင်ငံ၏   ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို ကူညီခဲ့သည်။
 ယခုအကြိမ်   ပံ့ပိုးကူညီသည့်   ကိုဗစ်-၁၉ ကာကွယ်ဆေး  ပထမအသုတ်ကို မေလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပို့ဆောင်ရောက်ရှိနိုင်ရန် စီစဉ်ထား​ကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်မှုများ တက်ကြွစွာ ဆောင်ရွက်
တရုတ်နိုင်ငံသည်   “ပြည်သူသည်  အဓိက၊ အသက်သည် အဓိက” ဟူသော ကပ်ရောဂါကာကွယ် ရေး  အတွေးအခေါ်ကို   လက်ကိုင်စွဲပြီး နိုင်ငံတကာ     ကပ်ရောဂါတိုက်ဖျက်ရေး    အကူအညီနှင့်    ပူးပေါင်း ဆောင်ရွက်မှုများကို  တက်ကြွစွာ ဆောင်ရွက်လျက်ရှိ​ကြောင်း သတင်းထုတ်ပြန်ထားသည်။                                                   
ခင်ရတနာ