ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသတို့တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ထွက်ခွာ

 

 

နေပြည်တော်   မေ    ၂ 
တပ်မတော်နယ်လှည့်    အထူးကု ဆေးအဖွဲ့မှ ပါရဂူများ၊   ဆေးမှူး များနှင့်    သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား  ဆေးရုံ ရေယာဉ်(သံလွင်)သည် ရန်ကုန် တိုင်းဒေသကြီး        ကိုကိုးကျွန်း မြို့နယ်နှင့်   တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသ များမှ     ဒေသခံပြည်သူများကို ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက်    ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ်ဆိပ်ခံ တံတား (သီလဝါ)မှ ထွက်ခွာရာ တပ်မတော်(ရေ)မှ   အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များက    ပို့ဆောင်နှုတ်ဆက်ကြ သည်။
အဆိုပါ တပ်မတော်ပင်လယ် သွား ဆေးရုံရေယာဉ်(သံလွင်)တွင် ပါရဂူများ၊ ဆေးမှူးများ၊   သူနာပြု အရာရှိများ၊ သူနာပြုစစ်သည်များ နှင့် သူနာပြုရဲမေများ   လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း မြို့နယ်နှင့် တနင်္သာရီကမ်းရိုးတန်း ဒေသတစ်လျှောက်ရှိ       မြို့နယ်၊ ကျေးရွာများမှ    ဒေသခံပြည်သူ များကို      ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊     သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊     အရိုးရောဂါ၊ မျက်စိရောဂါ၊       နား/နှာခေါင်း/လည်ချောင်းရောဂါ၊    သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှု     လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊    Ultrasound ရိုက်ခြင်းနှင့်        ခွဲစိတ်ရောဂါ များ               ရှာဖွေစမ်းသပ်ကုသပေး ခြင်းများ     ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း               သတင်းရရှိ သည်။
သတင်းစဉ်