အင်အား ၅ ဒသမ ၄ ရှိ မြေငလျင်လှုပ်မှုဖြစ်

 

နေပြည်တော်    မေ     ၁


မေ  ၁ ရက် ည ၉ နာရီ  ၄၅ မိနစ်၊ ၃၈ စက္ကန့်အချိန်တွင် ဟားခါး မြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း   (‌မင်းကင်းမြို့၏   အနောက်တောင်ဘက် ၁၈ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၇၆ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ်  ၉၄ ဒသမ ၂၄ ဒီဂရီ၊ အနက် ၁၁၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၄ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော   မြေငလျင်တစ်ခု     လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။


မိုး/ဇလ