လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရုံးတွင် အလုပ်သမားနေ့အကြောင်းအသိပညာပေး

 

ရန်ကုန်    မေ     ၁


ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာအနောက် ပိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်    မြို့နယ်စာရေးဆရာများ ပူးပေါင်း၍       လူထုအခြေပြုဗဟိုဌာနတွင်  အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်သက်၍     ပြည်သူများ   သိရှိနိုင်စေရန် ရည်ရွယ်၍    ယနေ့နံနက်ပိုင်းတွင်    အလုပ် သမားနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်သည်။

 


အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်  ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ (တာဝန်ပေး) ဒေါ်သိန်းသိန်းက ပွဲကျင်းပ ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာအယ်ဒီတာ ဦးသူရဇော်​ (ဉာတတ္ထ စရိယာ) က အလုပ်သမားနေ့ ဖြစ်ပေါ်လာရ ခြင်း၊ အလုပ်သမားများ အားလုံး၏ အရေးပါ မှုနှင့်     သိကောင်းစရာများ၊   ၁၉   ရာစုက အလုပ်လုပ်ချိန်အကြောင်း၊ ယခင်အလုပ်ချိန် နှင့် ယခုအလုပ်ချိန် သတ်မှတ်ခြင်းအကြောင်း များ၊ အလုပ်သမားများ၏ အခွင့်အရေးရပိုင်ခွင့် အကြောင်းများကို ဆွေးနွေးပြောကြားသည်။

သိန်းသိန်း (လှိုင်သာယာအနောက်ပိုင်း)