ရန်ကုန်မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

 

ရန်ကုန်    ဧပြီ     ၃၀


ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးစိုးသိန်း၊    ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်း ဒေသကြီး  ဝန်ကြီးများသည်        ရန်ကုန် မြို့တော်  စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက် ပိုင်းက    ရန်ကုန်မြို့တော်သန့်ရှင်းသာယာ လှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းဆောင်ရွက်နေသော    မြို့နယ် များသို့      လှည့်လည်ကြည့်ရှုစစ်ဆေး ကြသည်။

 


ဦးစွာ   ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်        (၅)ရပ်ကွက်နှင့် ကြည့်မြင်တိုင်မြို့နယ်         သရက်တော မြောက်ရပ်ကွက်တို့ဆုံရာ     ဟံသာဝတီ လမ်းတွင်ပြည်သူများ    ကိုယ်တိုင်ပါဝင် ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ  ဝန်ထမ်းများနှင့်    စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှုများ၊  လမ်းနှင့် မလွတ်ကင်းသည့်သစ်ပင်များ   ခုတ်ထွင် ရှင်းလင်းခြင်း၊  လမ်းအတွင်း   အရှည် ၁၄၁၈ ပေရှိ မြစ်ထွက်ပေါက်ချောင်း ရေစီး ရေလာကောင်းမွန်ရေးအတွက် ဝန်ထမ်း များ၊ စက်ယန္တရားများဖြင့်    လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး သည်။

 


ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်မြို့နယ် (၆)နှင့်(၈) ရပ်ကွက်   သုခ လမ်းဘေးဝဲယာရေနုတ်မြောင်း         ရေစီး ရေလာကောင်းမွန်ရေးအမှိုက်၊   နုန်းနှင့် မြောင်းချေးများကို   ရပ်ကွက်နေပြည်သူ များကိုယ်တိုင်ပါဝင်ပြီး      လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် စုပေါင်း ၍ ဆယ်ယူရှင်းလင်း ဆောင်ရွက်နေမှုများ ကို လည်းကောင်း၊ ရွှေပိတောက်ငါးစျေး တွင် စွန့်ပစ်အမှိုက်များဖြင့် EM ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်နေမှု၊   ငါးစျေး အတွင်းအေးချမ်းစွာဖြင့် စျေးရောင်းချနေမှုများကိုလည်းကောင်း     လှည့်လည် ကြည့်ရှုစစ်ဆေးပြီး     ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ငါးစျေး အတွင်း အနံ့အသက်မရှိစေရေး၊ သန့်ရှင်း သပ်ရပ်မှုရှိစေရေး စနစ်တကျဆောင်ရွက် ရန် တာဝန်ရှိသူများအား မှာကြားသည်။

 


ဆက်လက်၍    ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် မရမ်းကုန်းမြို့နယ်   (၃)ရပ်ကွက်သမိုင်းချောင်း   ရေစီးရေလာကောင်းမွန်
ရေးနှင့် သမိုင်းချောင်းအတွင်း       စီးဝင်သည့် ရေနုတ်မြောင်းများရှိ အမှိုက်များ၊  နုန်းများအား  လည်းကောင်း၊    အင်းစိန် နံ့သာကုန်းရပ်ကွက် ရွှေပြည်အေးလမ်း တစ်လျှောက်  ဘေးဝဲယာရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး အမှိုက်များ ဆယ်ယူခြင်း၊ နုန်းနှင့်သဲများ ထုတ်ယူခြင်း များကို   လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများက     ဆယ်ယူနေမှုများကို ကြည့်ရှုစစ်ဆေး၍ လာရောက်ကူညီသူ များအား ကျေးဇူးတင်စကားပြောကြားပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။    

 ဆန်းကျော်ဦး(ပြန်/ဆက်)