မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်စတင်အသက်ဝင်

 

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(Regional Comprehensive Economic Partnership Agreement- RCEP)သည် ယင်းသဘောတူစာချုပ်၏အပိုဒ် (၂၀.၆) စာချုပ် အသက်ဝင်ခြင်းအရ   မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားတွင်  ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်အသက်ဝင်ပြီ ဖြစ်ပါသည်။ 

 


သို့ဖြစ်ပါ၍ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများအနေဖြင့် အဆိုပါစာချုပ်ကပေးအပ်သည့် အကောက်ခွန်အထူးအခွင့်အရေးတို့ကို အသုံးပြု၍ အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန