သီပေါသီတဂူစက္ခုဒါန ခွဲစိတ်မှုလုပ်ငန်းများအတွက် မန္တလေး(သီပေါ) အသင်းက ငွေလှူ

 

သီပေါ  ဧပြီ  ၃၀


ရှမ်းပြည်နယ်      မြောက်ပိုင်း သီပေါမြို့နယ်     သီတဂူစက္ခုဒါန   အခမဲ့ကုသရေး         ဆေးရုံကြီး ခွဲစိတ်မှု       လုပ်ငန်းများအတွက်        ယနေ့နံနက်ပိုင်းက     မန္တလေး (သီပေါ)အသင်းက      မတည် ငွေကျပ် ၁၀ သိန်းနှင့် အသင်းဝင် များက ငွေကျပ်   ၆၈၇၀၀၀၀   ကို စုပေါင်းလှူဒါန်းကာ    လှူဒါန်းမှု အစုစုအတွက်    မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် ပဓာန နာယကဆရာတော်   အရှင်ပညာ သီရိထံမှ       ငါးပါးသီလခံယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

 


သီတဂူစက္ခုဒါန ဆေးရုံကြီး ကို မေ ၂၄ ရက်တွင် မျက်စိရောဂါ စတင်စစ်ဆေးပြီး မေ ၂၅ ၊ ၂၆ နှင့် ၂၇ ရက်တို့တွင် မျက်စိအထူးကု ဆရာဝန်ကြီးများက ခွဲစိတ်ကုသ ပေးမည်ဖြစ်သဖြင့် ရပ်နီးရပ်ဝေးမှ မျက်စိဝေဒနာရှင်များ မေ ၂၄ ရက် တွင်   သီတဂူစက္ခုဒါနဆေးရုံကြီး သို့    အရောက်လာကြပါရန်နှင့် စာရင်းများ   ကြိုတင်ပေးသွင်း ကြရန်    သီတဂူဆေးရုံတာဝန်ခံ ဆရာတော်ထံမှ သိရသည်။ 


စိုင်း (သီပေါ)