နေပြည်တော်ကောင်စီဥက္ကဋ္ဌ အစိုးရဓမ္မာစရိယစာမေးပွဲ သြဝါဒါစရိယဆရာတော်ကြီးများနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

ပျဉ်းမနား  ဧပြီ  ၃၀


ပြည်ထောင်စုနယ်မြေ   နေပြည် တော် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့     ဗိမာန်တော်ကြီး၌ ကျင်းပသည့်   အစိုးရဓမ္မာစရိယ စာမေးပွဲ သြဝါဒါစရိယဆရာတော် ကြီးများနှင့်   စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ကျင်းပရာ ပျဉ်းမနားမြို့ မင်္ဂလာ ဇေယျုံပါဠိတက္ကသိုလ်  ကျောင်း တိုက်    ဆရာတော်   အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြု သည့် ဆရာတော်သံဃာတော်များ ကြွရောက်     ချီးမြှင့်တော်မူကြ သည်။

 


ရှေးဦးစွာ      နေပြည်တော် ကောင်စီဥက္ကဋ္ဌ       ဒေါက်တာ မောင်မောင်နိုင်    အမှူးပြုသည့် ဧည့်ပရိသတ်များက    ပျဉ်းမနား မြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်      ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီ ဆရာတော်  သံဃာတော်များထံ လှူဖွယ်ဝတ္ထု     ပစ္စည်းများကို     ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့နောက် မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာ တော်   အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ   မထေရ်မြတ်ကြီးက နေပြည်တော်ကောင်စီ  ဥက္ကဋ္ဌထံ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်၍   အနုမောဒနာတရား ဟောကြားရာ    နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊     နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့်  ဧည့်ပရိ သတ်များက   ရေစက်သွန်းချ အမျှ ပေးဝေကြောင်း သိရသည်။


မြို့နယ် (ပြန်/ဆက်)