
ရန်ကုန် ဧပြီ ၂၉
ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် တာဝန်ရှိသူများနှင့် အတူ ယနေ့ညနေပိုင်းတွင် ရန်ကုန် ပညာရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပညာ ရေးဘွဲ့ စာပေးစာယူ အမှတ်စဉ်(၃၇) ဒုတိယနှစ်နှင့် အမှတ်စဉ် (၃၈)ပထမနှစ် သင်တန်းသား သင်တန်း သူများနှင့် တွေ့ဆုံပွဲကို ရန်ကုန် မြို့ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဆရာ ဆရာမ တို့၏ ဘဝရှေ့ရေးတက်လမ်းအတွက် ကြိုးစားကြစေလိုကြောင်း၊ ပညာ ရေးဘွဲ့ စာပေးစာယူသင်တန်း များကို ပညာရေးဘွဲ့မရရှိသေးသည့် ဆရာ ဆရာမများအတွက် ရန်ကုန် ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်း ပညာရေး တက္ကသိုလ်များတွင် သာမက ပညာရေးဒီဂရီကောလိပ် ၂၅ ခုတွင် တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် B.Ed ဘွဲ့မရရှိသေးသည့် ဆရာ ဆရာမ အများအပြားရှိပါကြောင်း၊ သို့ဖြစ်၍ ပညာရေးဘွဲ့မရရှိသေး သည့် ဆရာ ဆရာမများအနေဖြင့် ပညာရေးဘွဲ့ရရှိရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဖွင့်လှစ် အကောင်အထည်ဖော် ဆောင် ရွက်သည့်အတွက် နှစ်အနည်း ငယ်အတွင်း ပညာရေးဘွဲ့ကို သင်တန်းသား သင်တန်းသူအားလုံး ရရှိနိုင်မည်ဖြစ်ကြောင်း။
နွေရာသီတွင် သင်တန်း ဖွင့်လှစ်သည့်ကာလ တိုတောင်း သော်လည်း မိမိတို့၏ ဘဝရည်မှန်း ချက်များအဖြစ် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဘွဲ့ရရှိပြီး သည့်အပြင် မိမိတို့၏ဘာသာရပ်ဆိုင်ရာများကိုပါ ထူးချွန်ကျွမ်းကျင် အောင် ကြိုးစားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ မေ ၂၆ ရက် တွင် ကျောင်းအပ်နှံရေးလုပ်ငန်း များကို စတင်မည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများ ကို ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် ပရဟိတ သမားများပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျောင်းသား ကျောင်းသူ များကို ပညာသင်ကြားရာတွင် အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း များမပြုလုပ်ဘဲ တန်းတူညီမျှ သင်ကြားပေးကြရမည် ဖြစ်ပါ ကြောင်း ပြောကြားပြီး သင်တန်း သား သင်တန်းသူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစာပေးစာယူ သင်တန်း အမှတ်စဉ် (၃၈) ပထမနှစ်နှင့် သင်တန်းအမှတ်စဉ်(၃၇) ဒုတိယနှစ် သင်တန်းများကို ဧပြီ ၁၉ ရက်မှ မေ ၂ ရက်အထိ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်