
ဝေါ ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်း ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဝေါမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ချိုချိုသက်က ဝေါမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များအပေါ် ရှင်းလင်းတင်ပြပေးသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က စီမံကိန်းရည်မှန်းချက်များတွင်ပါဝင်သည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား စီမံကိန်းတာဝန်များ ပေးအပ်သည်။
အဆိုပါ တာဝန်ပေးအပ်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် စည်ပင်သာယာအဖွဲ့ စုစုပေါင်း ဌာနငါးခုမှ လုပ်ငန်းပေါင်း ၅၆ ခုအား တိုင်းဒေသကြီး ဘတ်ဂျက် ငွေကျပ် ၃၅၅၈ ဒသမ ၆၈၄ သန်းဖြင့် စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)