“မိဘကျေးဇူးအကျိုးထူး” ဆို၊ ငို၊ ပြော ရုပ်စုံသဘင်ဇာတ်တော်ကြီး  ဖျော်ဖြေတင်ဆက်မှု  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဧပြီ   ၂၇


ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီ အစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “မိဘကျေးဇူးအကျိုးထူး” ဆို၊ ငို၊ ပြော    ရုပ်စုံသဘင်ဇာတ်တော်ကြီး   ဖျော်ဖြေတင်ဆက်မှုကို      ၂၀၂၂ ခုနှစ်   ဧပြီ  ၃၀ ရက်  (စနေနေ့)   ည  ၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV – HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။

 


ယင်းတင်ဆက်မှုကို     အမျိုးသားယဉ်ကျေးမှုနှင့်   အနုပညာ တက္ကသိုလ် (ရန်ကုန်)  သဘင်ပညာဌာနနှင့်  မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတို့  ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဇာတ်ညွှန်းနှင့်ဒါရိုက်တာ တောင်စွန်းအောင်တိုး ကထိက(ငြိမ်း) သဘင်ပညာဌာနက ရေးသားကာ ဇာတ်ပို့ဆိုင်းပန်တျာစိန်လှမြိုင်အဖွဲ့နှင့် ဂီတပညာဌာန ဆရာများ၏ တီးခတ်မှုနှင့်အတူ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သဘင်ပညာဌာနမှ အနုပညာရှင်များက တင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။                                 

 

သတင်းစဉ်