
နေပြည်တော် ဧပြီ ၂၇
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက် မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ် လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သူများက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ ဆွေး နွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူး တို့က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်