
နေပြည်တော် ဧပြီ ၂၇ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ရှိ မဟာသမယ ကျောင်းတိုက်သို့ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နယ်ရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်ရှိ မင်္ဂလာသီရိကျောင်း တိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ကျိုက်ထီးရိုး လေးကျောင်းတိုက် သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ မြို့မ ပရိယတ္တိစာသင်တိုက်သို့ လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ မောဒိနီကျောင်း တိုက်သို့လည်းကောင်း ဆရာ တော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို သွား ရောက် ဆက်ကပ်လှူဒါန်းကြ ကြောင်း သိရသည်။
သတင်းစဉ်