နွေရာသီအခြေခံအင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့်  ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်

 

 

နေပြည်တော်    ဧပြီ     ၂၅
ရန်ကုန်တိုင်းစစ်ဌာနချုပ်  မှော်ဘီ တပ်နယ်ရှိ       တပ်မတော်သား မိသားစုဝင်များ၏ သား/သမီးများ အတွက်  ဖွင့်လှစ်သည့် နွေရာသီ အခြေခံအင်္ဂလိပ်စာ၊ ကွန်ပျူတာ နှင့်     ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲကို    ယနေ့နံနက်ပိုင်းတွင်  နယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ မှော်ဘီတပ်နယ်မှ     တာဝန်ရှိသူ များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊     သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများသည် သင်တန်းဖွင့်     အမှာစကားများ  ပြောကြားကြပြီး      ဗုဒ္ဓဘာသာ   ကလျာဏယုဝအသင်း (YMBA)  ရန်ကုန်တိုင်း ဥက္ကဋ္ဌက ယဉ်ကျေး လိမ္မာသင်တန်းနှင့်  ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက်       ဗုဒ္ဓဘာသာ   ကလျာဏယုဝအသင်း(YMBA) မှ ထုတ်ဝေသည့်   ယဉ်ကျေးလိမ္မာ    စာအုပ်          စာစောင်များနှင့် သင်ထောက်ကူ   ပစ္စည်းများကို    ပေးအပ်ကြသည်။
အဆိုပါ      နွေရာသီအခြေခံ အင်္ဂလိပ်စာနှင့်     ကွန်ပျူတာ သင်တန်းကို     သင်တန်းသား၊ သင်တန်းသူ   ၂၉   ဦးဖြင့်     မေ ၂၀    ရက်အထိ     လည်းကောင်း၊ ယဉ်ကျေးလိမ္မာ          သင်တန်းကို သင်တန်းသား၊      သင်တန်းသူ ၂၅ ဦးဖြင့် မေ ၂၉ ရက်အထိ လည်း ကောင်း    ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း      သတင်း ရရှိသည်။
သတင်းစဉ်