စာပေဗိမာန်စာမူဆုရ  စာအုပ်ဖြန့်ချိရောင်းချ

 

 

နေပြည်တော် ဧပြီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ် ရေးနှင့်   ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူ ဆု  လူငယ်စာပေ  ပထမဆုရရှိ သည့်  စာရေးဆရာမ  ယဉ်ယဉ် (ဘက်ရဲ)၏ “ကြယ်မကြွေသော ထိုကောင်းကင်” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် လူငယ်တို့ ၏  ဘဝတိုးတက်ရေးအတွက် အတုယူဖွယ်စိတ်ဓာတ်၊ ထားရှိရ မည့် စိတ်နေသဘောထားတို့ကို ညွှန်းပြထားသည်။    မိသားစု စားဝတ်နေရေးအတွက်    မိခင်၏ ရုန်းကန်လှုပ်ရှားရမှုများကို ကူညီ လုပ်ဆောင်ရာမှ    မှန်ကန်သော အတွေးအခေါ်၊   ကြံ့ခိုင်သော စိတ်ဓာတ်တို့ဖြင့် အောင်မြင်သော ဘဝတစ်ခုကို တည်ဆောက်နိုင် ခဲ့သည့် လူငယ်တစ်ဦး၏ဖြစ်ရပ်ကို အတုယူအားကျဖွယ်   ရေးသား ထားသည်။ အခက်အခဲနှင့် ဆုံးရှုံး မှုများကြားမှ     ရုန်းကန်နိုးထ၊ မလျှော့သောလုံ့လဖြင့် အောင်မြင် မှုရအောင် ကြိုးစားလုပ်ဆောင် ခဲ့ပုံတို့ပေါ်လွင်အောင် အပိုင်းများ ခွဲ၍ လူငယ်အကျိုးပြု ဝတ္ထုရှည် သဖွယ်၊   လူငယ်လမ်းပြဝတ္ထုတို ပေါင်းချုပ်သဖွယ် မျှတစွာ ရေးဖွဲ့ ထားသည်။ ကျေးလက် သဘာဝ နောက်ခံထားပြီး ရေးသားထား သဖြင့် ဗဟုသုတများ တိုးပွားစေ သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ငွေကျပ် ၂၅၀၀ ဖြင့် အမှတ် ၅၂၉-  ၅၃၁၊   ကုန်သည်လမ်းရှိ  စာပေ ဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ    စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄- ၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃ -၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေ ဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊  ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့    ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။      သတင်းစဉ်