စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ သတင်းထုတ်ပြန်ကြေညာ

 

 

စားသုံးဆီသိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးယူမည်

 

နေပြည်တော်    ဧပြီ    ၂၅
စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူး ခြင်း  လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်း ကာ ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ  သတ်မှတ်အရည်အသွေး      စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေး နှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေ ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင် ရွက်လျက်ရှိသည်။
ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ  ဈေးကွက်အတွင်းသို့      ဖြန့်ဖြူးရောင်းချရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့်   ဈေးနှုန်းများ ဖြစ်ပေါ် စေရေးအတွက် ကမ္ဘာ့စားအုန်းဆီ  ဈေးနှုန်းများ ဖြစ်ပေါ်မှုကို    အခြေခံ၍      တွက်ချက်ရရှိသည့် ရည်ညွှန်း   လက်ကားဈေးနှုန်းကို     အပတ်စဉ် ထုတ်ပြန် ကြေညာပေးလျက်ရှိရာ ယနေ့မှ မေ - ၁ ရက်အထိ   စားအုန်းဆီ    ရန်ကုန်အထိုင်ဈေး တစ်ပိဿာ      လက်ကား   ရည်ညွှန်းဈေးနှုန်းကို ငွေကျပ်   ၅၆၂၀   ဖြစ်ကြောင်း     ထုတ်ပြန်ပေး ခဲ့သည်။
ပြည်တွင်း စားအုန်းဆီ သိုလှောင်ကန်များ၌   ယနေ့တွင် စားအုန်းဆီ လက်ကျန် (31,090 ဒသမ 98) တန်၊ ပိဿာချိန် (19,039,805) ကျန်ရှိရာ ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်းနှင့် အနယ်နယ်အရပ်ရပ်သို့    နေ့စဉ်   ပုံမှန်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပြီး   ပြည်ပမှ  စားအုန်းဆီ သင်္ဘောများလည်း ပုံမှန်ဝင်ရောက်လျက် ရှိသည်။
ယခုအခါ   အင်ဒိုနီးရှားနိုင်ငံ၏  စားအုန်းဆီ တင်ပို့မှု  မူဝါဒဆိုင်ရာ သတင်းများကို ချဲ့ကား၍ ကောလာဟလသတင်းများ ထုတ်လွှင့်နေမှုအပေါ် စားသုံးသူပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာ  မလိုအပ်ပါကြောင်းနှင့်   ပြည်တွင်း၌   စားသုံးဆီ ပြတ်လပ်မှုမရှိစေရေး၊   ပြည်တွင်း   စားအုန်းဆီ ဈေးကွက်တည်ငြိမ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက် သည့် ဈေးနှုန်းများဖြင့် ပြည်သူများ ဝယ်ယူရရှိ စေရေးတို့အတွက်   စဉ်ဆက်မပြတ်    ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး      ပြည်တွင်းဈေးကွက် အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာ သည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း        အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။ 
သတင်းစဉ်